အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                    အောက်တိုဘာ ၁၀။

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်   သင်တန်းကို အောက်တိုဘာ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ကေသွယ်၊ တိုင်းဒေသကြီးတာဝန်ခံများ၊ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်း ပို့ချသူများနှင့် သင်တန်းသား၊ သင်တန်းသူများအပါအဝင် စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းတွင် ခုံသမာဓိကောင်စီ (အလုပ်ရှင်ကိုယ်စားလှယ်) ဒေါ်မြတ်မြတ်ကျော်က အငြင်းပွားမှုဖြေရှင်းရာတွင် လိုက်နာဆောင်ရွက် သင့်သည့်အချက်များနှင့် အမှုအကြောင်းခြင်းရာ များ၏ အားနည်းချက်၊ အားသာချက်များ၊ အလုပ်သမားဥပဒေရေးရာ သိကောင်းစရာများအား လည်းကောင်း၊ အလုပ်ရှင်၊ အလုပ်သမားနှင့် ဝန်ကြီးဌာနတို့၏ သုံးပွင့်ဆိုင်ဆက်ဆံရေးနှင့် အောက်ခြေမှအထက်သို့ ဖြေရှင်းရေးအဖွဲ့ အဆင့်ဆင့်အားလည်းကောင်း၊ တရားစွဲဆိုခြင်း၊ အလုပ်သမားဥပဒေတစ်ရပ်ရပ်အရ အရေးယူရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ပြီး၊ လူမှုဖူလုံရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စန်းစန်းနွယ် က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်စပ်လျဉ်းသည့် သိကောင်းစရာများအားလည်းကောင်း၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ် များအားလည်းကောင်း၊ လူမှုဖူလုံရေး ထည့်ဝင်ကြေးနှုန်းထားများနှင့် ငွေကြေးအကျိုးခံစားခွင့်များ အားလည်းကောင်း၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ထုတ်ပေးခြင်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးသန်းထိုက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သောဥပဒေများနှင့် နည်းဥပဒေအားလည်းကောင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက်စာချုပ် (EC)ချုပ်ဆိုခြင်း အားလည်းကောင်း၊ အလုပ်သမားဥပဒေပါလျော်ကြေးနှုန်းထားများအားလည်းကောင်း၊ အလုပ် သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစိုးညီညီက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များအားလည်းကောင်း၊ စည်းကြပ်အလုပ်သမားဥပဒေ ပြဋ္ဌာန်းချက်များအားလည်းကောင်း၊ အလုပ်ချိန်၊ အကျုံးဝင် သက်ဆိုင်မှုနှင့် အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေး တွက်ချက်မှုများအား လည်းကောင်း၊ အများပြည်သူအလုပ်ပိတ်ရက်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများအားလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များအားလည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် များပါ သိမှတ်ဖွယ်ရာများအားလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်ရှောင်ရန် အချက်အလက်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက် လာသည့် WCC အဖွဲ့ဝင်များမှအုပ်စုဖွဲ့၍ လက်တွေ့ဆွေးနွေးညှိနှိုင်းမှုများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။