အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး ဩဂုတ် ၄ ရက်
၁။ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို မန္တလေးမြို့၊ ကနောင် ခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား ပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် နှင့် အစိုးရအဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှတာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများနှင့်ပုဂ္ဂလိကသင်တန်းကျောင်းများမှကိုယ်စားလှယ်များ၊ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းများ၊ GIZ၊ Swisscontact နှင့်ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ အလုပ် အကိုင်အလိုက်ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရလုပ်သားများအပါအဝင် စုစုပေါင်း (၄၅၀) ဦး ခန့်တက်ရောက်ခဲ့သည်။
သတင်းအပြည့်အစုံ..

မန္တလေး၊ ဖေဖော်ဝါရီ ၂၂ ရက်
၂၂-၂-၂၀၁၉၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကနောင်ခန်းမ၌ မြန်မာနိုင်ငံ လုပ်သား များ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာဝန်ကြီး၊ NSSA မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာကိုယ်စားလှယ် များ၊ အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန များမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကသင်တန်းကျောင်းမှ ကိုယ်စားလှယ်များ၊ GIZ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရ လုပ်သားများ အပါအဝင် စုစုပေါင်း ၈၆၀ ဦးခန့် တက်ရောက်ခဲ့သည်။

အပြည့်အစုံ..