၁၁-၈-၂၀၂၃ ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီတွင် ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ (၂) ၌ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဆောင် ရွက်မည့် လုပ်ငန်းများကို မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းနိုင်ရန် Work Plan ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပ ခဲ့ရာ ကော်မတီအတွင်းရေးမှူးဖြစ်သူ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှု လက်မှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများအပါအဝင် စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။

