အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အတွက် ပထမရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လျှပ်စစ် လုပ်သား ၁၀၀ ဦးကို အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ပေးခြင်းနှင့် ဖြေဆို အောင်မြင်သူများကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ NSSA အဖွဲ့ဝင်များနှင့် ကျွမ်းကျင်သူများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် GIZ၊ ILO နှင့် SDC/Swisscontact တို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုအောင်မြင်သူများ တက်ရောက်ခဲ့ကြပါသည်။
[download id=”803″]

Skill-1

Skill-2