အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      မကွေးတိုင်းဒေသကြီး၊  မင်းဘူးမြို့၊ မန်းသီတာရေကူးကန်ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၀-၁-၂၀၂၀ ရက်နေ့ တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မင်းဘူးမြို့တွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်လုပ်ရေးဒေသမှ အာမခံအလုပ်သမား ဦးဝင်းမော် ၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁၀,၈၀၀,၀၀၀/-ကို အာမခံအလုပ်သမား၏ဇနီး ဒေါ်ခင်မိုးမိုးခိုင်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်ဆွေ မှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ  ဒေါ်ခင်မိုးမိုးခိုင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

၂။       ကရင်ပြည်နယ်၊ ဘားအံမြို့၊ တန်(၉၀၀)ဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၉-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ ကရင်ပြည်နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ဘားအံမြို့တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် တန်(၉၀၀)ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမားဦးအောင်စိုးမိုး၏အလုပ်တွင် ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၉,၇၅၀,၀၀၀/-  ကို အာမခံအလုပ်သမား၏ဇနီး ဒေါ်သင်းမာလွင်အား ကရင်ပြည်နယ်၊ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးမင်းကိုခိုင်မှလည်းကောင်း၊ အာမခံ အလုပ်သမားဦးညွန့်ဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံ စားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၈,၂၅၀,၀၀၀/- ကို အာမခံအလုပ်သမား၏ဇနီးဒေါ်သက်သက်အေးအား ကရင်ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ ဦးဝင်းဦးမှလည်းကောင်း ပေးအပ်ခဲ့ပြီး  အကျိုးခံစားခွင့် ရရှိသူများကိုယ်စား တန်(၉၀၀)ဘိလပ်မြေစက်ရုံ၊ စက်ရုံမှူး  ဦးကျော်စိုးအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၃။      မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာ ရွှေတောင်ဘိလပ်မြေစက်ရုံ ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၇-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ သာစည်မြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ရွှေတောင်ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ကိုမျိုး၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံး ငွေရင်းငွေကျပ် ၄,၃၂၀,၀၀၀/-ကို အာမခံအလုပ်သမား၏မိခင် ဒေါ်အေးမြအား မန္တလေးတိုင်းဒေသ ကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးမှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့် ရရှိသူ  ဒေါ်အေးမြမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၁။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ မအူပင်တောင်ရေနံအစမ်းတွင်း အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၇-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မအူပင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော မအူပင်တောင်ရေနံအစမ်းတွင်းမှ အာမခံအလုပ်သမား ဦးမြင့်ကြည်၏ ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၅,၄၀၀,၀၀၀/-ကို ဦးမြင့်ကြည်၏ဇနီးဖြစ်သူဒေါ်အေးအေးမွန်အား ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်မြင့်မှလည်းကောင်း၊ အာမခံအလုပ်သမားဦးတင်ငြိမ်း၏ ဆေးဘိုးကုန်ကျစရိတ်ငွေကျပ်- ၂၃၇,၂၀၀/-ကို မအူပင်တောင်ရေနံအစမ်းတွင်းမှ အထွေထွေမန်နေဂျာဦးသိန်းနိုင်မှ လည်းကောင်း ပေးအပ်ခဲ့ပါသည်။
၂။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၁၆-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မင်းဘူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်လုပ်ရေးမှ အာမခံအလုပ်သမား ဦးသန်းထိုက်ဟိန်း၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၅,၄၀၀,၀၀၀/-ကို ဦးသန်းထိုက်ဟိန်း၏ဇနီးဖြစ်သူဒေါ်စီစီစိန်အား မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်ဆွေမှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
၃။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အမှတ်(၁၅)စက်မှုလယ်ယာစခန်း၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၂၄-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ဟင်္သာတမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၁၅)လယ်ယာစခန်းမှ အာမခံအလုပ်သမားဦးသန့်ဇင်အောင်၏ လုပ်ငန်းတွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ်- ၄,၈၆၀,၀၀၀/-ကိုဦးသန့်ဇင်အောင် ၏ဇနီးဖြစ်သူဒေါ်မေကြည်ဦးအား ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်မြင့်မှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား အမှတ်(၁၅)စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်အောင်ခန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။