အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊လူမှုဖူလုံရေးအဖွဲ့၏ ဆေးရုံသုံးပစ္စည်းကိရိယာ (၁၄)မျိုးဝယ်ယူရန်အတွက် ဈေးနှုန်းလွှာဖွင့်ဖောက်စစ်ဆေးရွေးချယ်ခြင်းကို ဝန်ကြီးဌာနတင်ဒါကော်မတီမှ ၃၀-၁-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စိစစ်ရွေးချယ်မှုအရ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအား ကြေညာအပ်ပါသည်။ကြေညာချက်အပြည့်အစုံ

၁။      ပဲခူးတိုင်းဒေသကြီး၊  ညောင်လေးပင်မြို့၊ မြန်မာ့သစ်လုပ်ငန်း(ပဲခူးဒေသရုံး)ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၆-၁၁-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ညောင်လေးပင်တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့သစ်လုပ်ငန်း(ပဲခူးဒေသရုံး)မှ အာမခံအလုပ်သမား ဦးဖြိုးဝေ (ခ) နေမင်းထက်၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၅,၄၀၀,၀၀၀/-ကို အာမခံအလုပ်သမား၏ဇနီး  ဒေါ်သဲပိုအား ပဲခူးတိုင်းဒေသ ကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်မှ  ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား မြန်မာ့သစ်လုပ်ငန်း(ပဲခူးဒေသရုံး) လက်ထောက်မန်နေ ဂျာ၊ ဦးစိန်လွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

၂။       မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ထောက်ရှာပင်/ကမ်းနီရေနံမြေ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၃-၁၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မင်းဘူးမြို့တွင်

အကျုံးဝင်မှတ်ပုံတင်ထားသည့် ထောက်ရှာပင်/ကမ်းနီရေနံမြေမှ အာမခံအလုပ်သမား ဦးကျော်နိုင်တိုး  ၏အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက်ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၇,၂၀၀,၀၀၀/- ကို အာမခံအလုပ်သမား၏ဇနီး ဒေါ်သီသီစန်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်ဆွေမှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ် သမား၏ဇနီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၃။      မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ မြန်မာ့မီးရထား၊ သံလမ်းရုံးဆောက်အဦး၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁၆-၁၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ သာစည်မြို့တွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားဦးရဲမင်းဦး၏ အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံး ငွေရင်း ငွေကျပ် ၅,၈၂၁,၂၀၀/- ကို အာမခံအလုပ်သမားဦးရဲမင်းဦးအား သာစည်မြို့နယ်လူမှုဖူလုံရေး ရုံး၊ ရုံးခွဲတာဝန်ခံဒေါ်နန်းဖောင်းခမ်းမှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူနှင့် မြန်မာ့မီးရထားရုံပိုင်ချုပ် ဦးရဲလွင်တို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၄။      မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့၊ လျှပ်စစ်ရုံးအစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁၇-၁၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားဦးအောင်မြတ်ကျော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ် အားဆုံးရှုံးမှု ၆၀ ရာခိုင်နှုန်းအတွက် (၇)နှစ်စာ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၅,၂၉၂,၀၀၀/- အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမားဦးအောင်မြတ်ကျော်အား မန္တလေး တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)၊ တာဝန်ခံအရာရှိ ဒေါ်သိင်္ဂီဦးမှ ပေးအပ်ခဲ့ပါသည်။

၁။ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဌာန၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၀-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်အောင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံ တင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှ အာမခံအလုပ်သမား ဦးခင်ဇော်မောင်၏ နာရေးစရိတ်အကျိုးခံစားခွင့်ငွေကျပ် ၁,၁၈၂,၀၀၀/-ကို ဦးခင်ဇော်မောင်၏ဇနီးဖြစ်သူ ဒေါ်နော်မြင့်မြင့်ကြိုင် အား မြန်အောင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲတာဝန်ခံမှ ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၄-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် မြန်မာ့မီးရထား(စက်မှု/တောင်ငူ)မှ အာမခံအလုပ်သမား ဦးကျော်ရွှေ၏ အလုပ်တွင်ထိခိုက်မှု ကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၂,၀၄၇,၅၀၀/- ခွင့်ပြုထုတ် ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ ဦးကျော်ရွှေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

၃။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့၊ Ve Ve အချိုရည်စက်ရုံ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၆-၉-၂၀၁၈ ရက်နေ့တွင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Ve Ve အချိုရည်စက်ရုံမှ အာမခံအလုပ်သမား ဦးဖြိုးဇေယျာကျော် ၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၆,၉၄၀,၀၈၀/- နှင့် အာရှဖျော်ရည်စက်ရုံမှ အာမခံအလုပ်သမား ဦးသူရိန်နိုင်၏ အလုပ်တွင်ထိခိုက် မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၂,၅၄၀,၁၆၀/- တို့အား မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိမှ ခွင့်ပြု ထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား Ve Ve အချိုရည်စက်ရုံ၊ စီမံဌာန မန်နေဂျာ ဦးချမ်းအေးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

၄။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်လူမှုဖူလုံရေး အစည်းအဝေးခန်းမ ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၈-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးထွန်းသူရလင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄,၀၉၅,၀၀၀/- အား ရှမ်းပြည်နယ်၊ ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်တင်တင်အောင်မှလည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Sanctun Inte Resort မှ အာမခံအလုပ်သမား ဦးသက်ပိုင်စိုး၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၂၅၅,၀၀၀/- အား ရှမ်းပြည်နယ်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သင်းမှလည်းကောင်း အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ၏ ကိုယ်စား တောင်ကြီးမြို့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင့်ကျော်ကျော်နှင့် အာမခံအလုပ်သမားဦးသက်ပိုင်စိုး၏ ဖခင် ဦးကျော်နိုင်ဦးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၅။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၄-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ မကွေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် Aventine Limited (အာမို) မှ အာမခံအလုပ်သမား ဦးဟန်ဇော်ထွန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၉,၀၀၀,၀၀၀/- အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ကြီးမှလည်းကောင်း၊ Aventine Limited (အာမို) မှ အာမခံအလုပ်သမား ဦးရဲကိုကို ၏ လုပ်ငန်းခွင်ပြင်ပထိခိုက်မှုကြောင့် ယာယီမသန်စွမ်းမှုဖြစ်ပွားသည့်အတွက် ယာယီမသန်စွမ်းမှုနှင့် ဆိုင်သည့် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄၉၅,၈၃၃.၇၅/- အား မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှလည်းကောင်း အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့် ရရှိသူ၏ကိုယ်စား Aventine Limited (အာမို) တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။

၆။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လူမှုဖူလုံရေးဝင်းလေးထပ်ဆောင် အစည်းအဝေး ခန်းမ ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအ နားကို ၂၉-၉-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲ(၈) တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ဇော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၅,၂၉၂,၀၀၀/- ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲ(၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား ဦးအောင်အောင်(၂)၏ အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၄,၄၅၅,၀၀၀/- ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ သန်လျင်တွင် အကျုံးဝင်မှတ်ပုံ တင်ထားသည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မှ အာမခံအလုပ်သမား ဦးဝင်းခိုင်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၄,၂၀၀,၀၀၀/- ကိုလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ လှိုင်သာယာတွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် New Way Shoe Factory Co.,Ltd မှ အာမခံအလုပ်သမား ဒေါ်မေရီစိုး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ် ၄,၀၅၀,၀၀၀/- ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲ(၅) တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် New Green Land Garment Co.,Ltd မှ အာမခံအလုပ်သမား ဒေါ်ဝါဝါခိုင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၃,၉၂၁,၇၅၀/- ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ လှိုင်သာယာတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် ပျံလွှားစက္ကူစက်ရုံမှ အာမခံအလုပ်သမား ဦးသန်းထွန်းဇော်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၃,၂၄၀,၀၀၀/- ကိုလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Iron King မှ အာမခံ အလုပ်သမား ဦးရဲထွေး၏ အလုပ်တွင်ထိခိုက်မှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် ၃,၂၃၄,၀၀၀/- ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရုံးခွဲ(၆) တွင် အကျုံးဝင်မှတ်ပုံ တင်ထားသည့် MSA ME CCGV မှ အာမခံအလုပ်သမား ဦးမျိုးဆက်၏ ဆေးဘိုးကုန်ကျငွေကျပ် ၂,၈၁၈,၄၃၁/- နှင့် ကမ္ဘောဇဘဏ် မှ အာမခံအလုပ်သမား ဒေါ်ခင်သန္တာစိုး၏ ဆေးဘိုးကုန်ကျငွေကျပ် ၂,၇၀၃,၂၅၀/- ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရုံးခွဲ(၃) တွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် မြန်မာ့ရှေ့ဆောင်ဘဏ်မှ အာမခံအလုပ်သမား ဦးဇော်မျိုးဦး၏ ဆေးဘိုးကုန်ကျငွေကျပ် ၂,၅၀၄,၆၁၆/- နှင့် မြန်မာ့မီးရထားမှ အာမခံအလုပ်သမား ဦးဇော်မင်းအောင်၏ ဆေးဘိုးကုန်ကျ ငွေကျပ် ၂,၀၅၉,၂၀၀/- ကိုလည်းကောင်း အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ ကိုယ်စား အလုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ ရုံးအုပ် ဒေါ်လှိုင်လင်းလက်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။