အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဖက်တန်းရပ်ရှိ အတ္တရံ(ဟိုတယ်)အလုပ်ဌာန၌ ၁၈-၂-၂၀၂၀ ရက် နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာနများပူးပေါင်း၍ အလုပ်သမားရေးရာ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများရှင်းလင်းဆွေးနွေးပွဲ ကျင်းပ ခဲ့ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်လူမှုဖူလုံရေးရုံး၊ ဦးစီးအရာရှိ ဒေါ်မြတ်မွန်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေများ၊ Smart Card၊ ယာယီကတ်များ၏ အသုံးဝင်ပုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်နိုင်နိုင်ဦးမှ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဦးမှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများနှင့် အလုပ်ရှင်၊ အလုပ်သမားများ လိုက်နာကျင့်သုံး ရမည့်ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ယာယီ မြို့နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမော်မှ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနား သို့ အာမခံအလုပ်သမားစုစုပေါင်း(၁၈)ဦးတက်ရောက်ခဲ့ပြီး လူမှုဖူလုံရေးဆေးခန်း (ဒိုင်းဝန်ကွင်း)၊ တာဝန်ခံဆရာဝန်ဒေါက်တာဉာဏ်စိုးမှ အာမခံအလုပ်သမား(၁၃)ဦးအား  ဆေးကုသမှုပေးခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်နိုင်ဦးဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၂၁-၂-၂၀၂၀ ရက်နေ့တွင်လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန်(၂) ဒီပံရင်းဝန်ထောက် ဦးမြဲလမ်းရှိ OPAL International အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၁၆၅) ဦးအား ကျန်းမာရေးအသိပညာ များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ ဆေး ကုသပေးမှုများ ပေးခဲ့ပါသည်။

၃။      ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တောင်ကြီးမြို့၊ ပင်းပက်သံမဏိစက်ရုံအစည်းအဝေးခန်းမ၌ ၂၆-၂-၂၀၂၀ ရက်နေ့တွင် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ ပူးပေါင်း၍ အလုပ်သမားရေးရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ရာ  ရှမ်းပြည်နယ် လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်အောင်မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံကိုယ်စား ဦးစီးအရာရှိ ဒေါ်ခင်စိုးရီမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်၊ အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါ မှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း ဟောပြောခဲ့ကြပြီး ပြည်နယ်တာဝန်ခံများနှင့် စက်ရုံရှိ အလုပ်သမားများ  အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။

၄။       ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်နိုင်ဦးဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၃-၃-၂၀၂၀ ရက်နေ့တွင်ရွှေပြည်သာ မြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပုလဲလမ်းရှိ Myanmar Gigi Leather  စက်ရုံမှ အာမခံအလုပ် သမား(၁၂၄) ဦးအား ကျန်းမာရေးအသိပညာများ၊ COVID-19 ရောဂါသိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ပြီး၊ ဆေးကုသပေးမှုများ ပေးခဲ့ပါသည်။

၁။      မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအလုပ်သမားဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဦးဆောင်သော ဆေးပညာ၊ ခွဲစိပ်၊ သားဖွားနှင့် မီးယပ်၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာဆိုင်ရာအထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်းဆရာဝန်၊ အကြောအဆစ်၊ ဆေး ဘက်ဓာတ်ခွဲကျွမ်းကျင်များ၊ သူနာပြုများ စုစုပေါင်းကျန်းမာရေးဝန်ထမ်း အင်အား (၃၄) ဦးပါဝင် သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၇-၂-၂၀၂၀ ရက်နေ့တွင် ကျောက်ဆည်မြို့၊ အမှတ်(၃၆) အကြီးစားစက်ရုံ မှန်စက်ရုံမှ အာမခံအလုပ်သမား(၃၅၆) ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး အာမခံအလုပ်သမား(၃၉) ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်းလူနာအဖြစ် ကုသပေးရန် လွှဲပြောင်းပေးခဲ့ပါသည်။

၂။       မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မော်လမြိုင်မြို့၊ မော်လမြိုင်စက်မှုဇုံ ရွှေမြို့တော်(၁)လမ်း၊ အမှတ်(၂၂၅/၃၃၀)ရှိ မြန်မာရှင်းရှင်း (ခနောက်စိမ်း)Co.,Ltd အလုပ်ဌာန၌ ၁၁-၂-၂၀၂၀ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများပူးပေါင်း၍ အလုပ်သမားရေးရာ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ မွန်ပြည်နယ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သာထွေးမှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီး  စည်းကြပ်ဥပဒေများကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သာထွေးနှင့် မြို့နယ်ဦးစီး အရာရှိဒေါ်နိုင်နိုင်ဦးတို့မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်မြို့လူမှုဖူလုံရေး ရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာဆွေမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူ လုံရေးဥပဒေပါ သိကောင်းစရာများကိုလည်းကောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးမှ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီး မှ စည်းကြပ်ဥပဒေ များကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။

၃။      မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဖက်တန်းရပ်ရှိ Strand Hotel အလုပ်ဌာန၌ ၁၇-၂-၂၀၂၀ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက် အောက်ရှိ ဦးစီးဌာနများ ပူးပေါင်း၍ အလုပ်သမားရေးရာဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ မွန်ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နီလာဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၏ရည်ရွယ် ချက်များ အာမခံစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင် မြို့နယ်လူမှုဖူလုံရေးရုံး၊ တာဝန်ခံဦးစီးအရာရှိ ဒေါ်မြတ်မွန်မိုးမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါ ခံစားခွင့်ရှိသည့် အကျိုးခံစားခွင့်များ၊ Smart Card/ ယာယီကတ်များ၏ အသုံးဝင်ပုံများနှင့် ပတ်သက်၍လည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးစီးအရာရှိ ဒေါ်နိုင်နိုင်ဦးမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်ဝေဝေဦးမှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ် ဥပဒေများ နှင့် အလုပ်ရှင်၊ အလုပ်သမားများလိုက်နာကျင့်သုံးရမည့် ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမော်မှ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း အသီးသီး    ရှင်းလင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အာမခံအလုပ်သမားစုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ပြီး ဒိုင်းဝန်ကွင်း လူမှုဖူလုံရေးဆေးခန်း၊ တာဝန်ခံဆရာဝန် ဒေါက်တာဉာဏ်ဟိန်းစိုး မှ အာမခံအလုပ်သမား စုစုပေါင်း (၂၀) ဦးတို့အား ဆေးကုသမှုများပေးခဲ့ပါသည်။

၄။      မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မော်လမြိုင်မြို့၊ ကျောက်တန်းရပ်၊ စက်မှုဇုန်ရှိ Nippon Concrete အလုပ်ဌာန၌ ၂၄-၂-၂၀၂၀ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများပူးပေါင်း၍ အလုပ်သမားရေးရာ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ရာ မွန်ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်နီလာဆွေမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၏ ရည်ရွယ် ချက်များ အာမခံစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင် မြို့နယ်လူမှုဖူလုံရေးရုံး၊ တာဝန်ခံဦးစီးအရာရှိ ဒေါ်မြတ်မွန်မိုးမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ ခံစားခွင့်ရှိသည့် အကျိုးခံစားခွင့်များ၊ Smart Card/ ယာယီကတ်များ၏ အသုံးဝင်ပုံများနှင့်ပတ် သက်၍လည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သာထွေးမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အဲလက်(စ်)အေးမှ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများနှင့် အလုပ်ရှင်၊ အလုပ်သမား များ လိုက်နာကျင့်သုံးရမည့်ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ အလုပ်သမားရေးရာဆက် ဆံရေးဦးစီးဌာန၊ ယာယီမြို့နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဥမ္မာမော်မှ အလုပ် သမားရေးရာဆက်ဆံရေး ဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ အာမခံအလုပ်သမားစုစုပေါင်း (၈၁) ဦး တက်ရောက်ခဲ့ပြီး လူမှုဖူလုံရေးဆေးခန်း(မောင်ငံ)၊ တာဝန်ခံဆရာဝန် ဒေါက်တာဇင်မင်းနောင်နောင်မှ အာမခံအလုပ် သမားစုစုပေါင်း (၁၆) ဦးတို့အား ဆေးကုသမှုများပေးခဲ့ပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီး များတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန် ရာထူးနေရာများ၌ စာချုပ်ဆရာဝန် ပုံသေလစာနှုန်း တစ်လလျှင် ၂၇၅၀၀၀/- ကျပ်နှုန်းဖြင့် အချိန်ပိုင်းတာဝန်ထမ်းဆောင်ရန် လျှောက်လွှာများ တင်သွင်းနိုင်ပါသည် –
အပြည့်အစုံ..

၁။ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဒေါက်တာရာဇာဌေး ဦးဆောင် သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၇-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Famoso အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား (၂၂၁) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

၂။ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဒေါက်တာရာဇာဌေး ဦးဆောင် သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၂၄-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Guohua Glory Co.,Ltd မှ အာမခံအလုပ်သမား (၂၀၅) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

၃။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများပူးပေါင်း၍ ၂၄-၈-၂၀၁၈ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ Strand Hotel လုပ်ငန်းဌာနသို့ သွားရောက်၍ အာမခံအလုပ်သမား(၃၇)ဦးတို့အား အလုပ်သမားရေးရာဥပဒေများအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်ဆေးခန်း တာဝန်ခံမှ ဆေးကုမှုများဆောင်ရွက်ပေးခဲ့ပါသည်။

၄။ ရန်ကုန်အလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာသီတာစိုး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၃၀-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ City Properties Co.,Ltd မှ အာမခံအလုပ်သမား (၁၈၆) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေး ခဲ့ပါသည်။

၅။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော “အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပွဲ” အခမ်းအနားကို ၂ -၉-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်မှ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်မှ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ရောင်းချသည့် (သို့)ထုတ်လုပ်သည့် စက်ရုံ/ အလုပ်ရုံ၊ ဆိုင်/အလုပ်ဌာနများ ဆေးရုံ၊ဆေးခန်းများနှင့် စပ်လျဉ်း၍ အလုပ်သမားဥပဒေရေးရာ သိကောင်းစရာများအား ရှင်းလင်းတင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးခင်မောင်သွင် မှ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ကိစ္စများနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် ဆောင်ရွက်လျှက်ရှိသော အလုပ်သမား ရေးရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တာဝန်ခံ အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမောင်မောင်မင်းမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်သော လူမှုဖူလုံရေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းနှင့် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေး ဥပဒေပါ သိကောင်းစရာများကို အသီးသီး ဟောပြောဆွေးနွေးခဲ့ပါသည်။

၆။ မန္တလေး အလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၄-၉-၂၀၁၈ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အကြီးစားစက်မှုလုပ်ငန်း အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) မှ အာမခံအလုပ်သမား (၃၅၈) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်း များကိုဆောင်ရွက်ပေးခဲ့ပြီး လူနာ(၃၃)ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်း လူနာအဖြစ်ကုသပေးရန် လွှဲပြောင်းပေးခဲ့ပါသည်။

၇။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများပူးပေါင်း၍ ၅-၉-၂၀၁၈ ရက်နေ့တွင် Maw La Myaing Cement Co.,Ltd အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကတုံစိကျေးရွာရှိ ဝါရီရူ ကုမ္ပဏီ၊ မွန်ဂျေအီးကုမ္ပဏီနှင့် စနေသားကုမ္ပဏီလုပ်ငန်းဌာန(၃)ခုရှိ အာမခံအလုပ်သမား (၅၇) ဦးတို့အား အလုပ်သမားရေးရာဥပဒေများအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

၈။ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဒေါက်တာရာဇာဌေး ဦးဆောင် သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၇-၉-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီ မြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ Mila Garden Co.,Ltd၊ ဖိနပ်စက်ရုံမှ အာမခံအလုပ်သမား (၂၀၂)ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေး ခဲ့ပါသည်။