အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
လူမှုဖူလုံရေးအဖွဲ့

လူမှုဖူလုံရေးအဖွဲ့၏သတင်းအချက်အလက်စနစ် (SSB Information System) အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်မည့် စီမံကိန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) အတွက် လိုအပ်သော အောက်ဖော်ပြပါလုပ်ငန်းများအား စီမံကိန်းတစ်ခုအနေဖြင့် ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန် မြန်မာကျပ်ငွေဖြင့် ဝယ်ယူ/ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်၍ တင်ဒါပေးသွင်းလိုသူ ပြည်တွင်းကုမ္ပဏီ၊ ပြည်ပ ကုမ္ပဏီ၊ ပြည်တွင်းနှင့်ပြည်ပ ဖက်စပ်ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါဈေးနှုန်း တင်သွင်း ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ စီမံကိန်းတွင် ပါဝင်မည့် အဓိကလုပ်ငန်းများမှာ-

  • Data Center တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း၊ (Data Center Implementation)
  • လူမှုဖူလုံရေးအဖွဲ့၏ ပင်မလုပ်ငန်းစဉ်များ ရေးဆွဲတည်ဆောက်ခြင်းလုပ်ငန်း၊ (အ လုပ်ရှင်/အလုပ်သမား မှတ်ပုံတင်ခြင်း၊ ထည့်ဝင်ကြေးကောက်ခံခြင်း၊ အကျိုးခံစား ခွင့်တောင်းခံခြင်း၊ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း၊ ဆေးကုသမှုလုပ်ငန်းစဉ် များ၊ e-Money ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ခြင်း) (SSB Core Processes Development)
  • အာမခံစိစစ်ရေးကတ်ရိုက်နှိပ်ထုတ်ဝေခြင်းလုပ်ငန်း၊ (SSB Smart Card Printing Process)
  • Package Software များ ရေးဆွဲတည်ဆောက်ခြင်းလုပ်ငန်း၊ (Accounting၊ Human Resource Management၊ Hospital Management၊ Building and Inventory Maintenance)
  • ၃။ တင်ဒါနှင့်ပတ်သက်သည့် စာရွက်စာတမ်းနှင့် တင်ဒါပုံစံများ၊ တင်ဒါလမ်းညွှန် (Terms of Reference) နှင့် တင်ဒါစည်းမျဉ်း/စည်းကမ်းများအား စီမံခန့်ခွဲရေးဌာန၊ လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)၊ အမှတ်(ဥ-၇၇)၊ သီရိရတနာလမ်းနှင့်နေကြာ(၈)လမ်းထောင့်၊ ဥတ္တရသီရိမြို့ နယ်၊ နေပြည်တော်တွင် ၁၉-၃-၂၀၁၈ ရက်နေ့မှ ၂၈-၃-၂၀၁၈ ရက်နေ့အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။

    ၄။ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို ၁၁-၅-၂၀၁၈ ရက်နေ့ (၁၆:၃၀) နာရီ နောက်ဆုံးထား၍ လူမှုဖူလုံရေးအဖွဲ့သို့ သတ်မှတ်ထားသော တင်ဒါစည်းကမ်းချက်များ နှင့်အညီပေးသွင်း ပါရန်နှင့် သတ်မှတ်ကာလထက် ကျော်လွန်ပေးသွင်းသော တင်ဒါအဆိုပြုလွှာများအား လုံးဝ(လုံးဝ) ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ကြေငြာအပ်ပါသည်။

    ၅။ အသေးစိတ်အချက်အလက်များအား သိရှိလိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန website www.mol.gov.mm ရှိ အောက်ဖော်ပြပါ လိုအပ်သည့်အသေးစိတ်အချက်အလက်များ နှင့် အောက်ပါလိပ်စာ တို့တွင်စုံစမ်းနိုင်ပါသည်။

    သတင်းအချက်အလက်နှင့်နည်းပညာဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ နေပြည်တော်။
    ဖုန်း၊ ၀၆၇-၃၄၁၇၉၂၅၊ ၃၄၁၇၉၅၁၊ ၃၄၁၇၉၅၂၊
    ဖက်(စ်)၊ ၀၆၇-၃၄၁၇၉၂၆

    တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ
    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
    ပြည်သူ့အင်အားဝန်ကြီးဌာန

    လိုအပ်သည့် အသေးစိတ်အချက်အလက်များ