အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ % ခွင့်ပြုထုတ်ပေးခြင်း

၁။      မန္တလေးတိုင်းဒေသကြီး၊  မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၁)၌ COVID-19 ရောဂါကူး စက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာယီရပ်နားခဲ့ရသော မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၁)၊ မန္တလေးမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၂) ဌာနရှိ အာမခံ အလုပ်သမား (၈၅)ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် (၄၀)%  ခွင့်ပြုထုတ် ပေးခြင်းအခမ်းအနားကို ၂၄-၆-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် လူမှုဖူလုံရေးရုံး(ရုံးခွဲ-၁)၊ မန္တလေးမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စိန်ကမ္ဘာပလပ်စတစ်စက်ရုံ မှ အာမခံအလုပ်သမား(၅၅)ဦး၏ လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၂,၀၁၃,၄၄၀/-၊ မာဘယ်ကျောက်ပြားစက်ရုံ မှ အာမခံအလုပ်သမား(၃၀)ဦး၏ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၁,၆၈၂,၂၆၆.၆၇/- တို့ကို မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံ‌ရေးရုံး (ရုံးခွဲ-၁)၊ တာဝန်ခံဦးစီးအရာရှိ၊  ဒေါ်မိုးမိုးသွယ်မှပေးအပ်ခဲ့ပါသည်။

၂။       မန္တလေးတိုင်းဒေသကြီး၊  မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၁)၌ COVID-19 ရောဂါကူး စက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာယီရပ်နားခဲ့ရသော မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၁)၊ မန္တလေးမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန(၈) ဌာနရှိ အာမခံ အလုပ်သမား (၄၄၄)ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် (၄၀)%  ခွင့်ပြုထုတ် ပေးခြင်း အခမ်းအနားကို ၇-၇-၂၀၂၀ ရက်နေ့တွင်  မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၁)၊ မန္တလေးမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် သဉ္ဇာကျော်ကုမ္ပဏီမှ အာမခံအလုပ်သမား (၁၂၉)ဦး၏ လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၆,၇၂၂,၅၆၀/- ၊ A1 တစ်ရှူးစက်ရုံမှ အာမခံအလုပ်သမား (၆၀) ဦး၏ လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၂,၆၀၀,၀၀၀/- နှင့် M3 Hotel မှ အာမခံအလုပ်သမား(၁၇)၏ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၄၂၅,၀၀၀/- တို့ကို မန္တလေးမြို့၊ မြို့နယ် လူမှုဖူလုံ‌ရေးရုံး(ရုံးခွဲ-၁)၊ တာဝန်ခံဦးစီးအရာရှိ၊ ဒေါ်မိုးမိုးသွယ်မှလည်းကောင်း၊ ၉-၇-၂၀၂၀ ရက်နေ့ တွင်  မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၁)၊ မန္တလေးမြို့တွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် ထိုက်ထိုက်အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား (၂၀၁) ဦး၏ လူမှုဖူလုံရေးထောက်ပံ့ ကူညီမှုအကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၈,၀၄၀,၀၀၀/- နှင့် မြင့်မြင့်ခင်ဆီစက်မှ အာမခံ အလုပ်သမား (၇) ဦး၏ လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀% အတွက် ငွေကျပ် ၂၃၈,၀၀၀/- တို့ကို မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံ‌ရေးရုံး(ရုံးခွဲ-၁)၊ တာဝန်ခံဦးစီးအရာရှိ၊ ဒေါ်မိုးမိုးသွယ် မှလည်းကောင်း၊ ၁၄-၇-၂၀၂၀ ရက်နေ့တွင်  မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၁)၊ မန္တလေးမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ရွှေလီနန်းပီနံအိတ်ချူပ်စက်ရုံမှ အာမခံအလုပ်သမား (၂၄) ဦး၏ လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၈၇၈,၅၉၂/- ကို မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံ‌ရေးရုံး (ရုံးခွဲ-၁)၊ တာဝန်ခံဦးစီးအရာရှိ၊  ဒေါ်မိုးမိုးမှသွယ်လည်းကောင်း၊ TW ထိုးမုန့် /လမုန့် နှင့် TW ဆီစက်မှ အာမခံအလုပ်သမား(၆)ဦး၏ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ % အတွက် ငွေကျပ် ၂၆၀,၀၀၀/-ကို မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၁)၊ ဒုတိယဦးစီးမှူးဦးထွန်းထွန်းမှလည်းကောင်း အသီးသီးပေးအပ်ခဲ့ပါသည်။

၃။      ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဉပဒေနှင့် အညီအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၇-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ကျောက်မဲမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် High Tech Concrete Technology Co., Ltd. မှ အာမခံအလုပ်သမား ဦးကျော်လင်းအောင်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၇,၂၆၀,၀၀၀/- ကို အာမခံအလုပ်သမား၏ ဖခင်ဦးအောင်လင်းအား ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး   ဦးတင်စိုး မှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား High Tech Concrete Technology Co., Ltd.  မှ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။