အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်လျှောက်ထားလိုသူသည် ကုမ္ပဏီတည်ထောင်ပြီး ကုမ္ပဏီမှတ်ပုံတင် လက်မှတ် ရရှိပြီးဖြစ်ရမည်။ နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ရမည်။

ဝန်ဆောင်ခ

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင် –

လိုင်စင်အာမခံကြေး      –    ကျပ်  ၃၀ သိန်း (လုပ်ငန်းရပ်ဆိုင်း၍ လိုင်စင်ပြန်လည်ပြန်လည်အပ်နှံသည့်အခါ ပြန်လည်ထုတ်ယူခွင့်ရှိသည်)

လိုင်စင်နှစ်စဉ်ကြေး      –     ကျပ်  ၅၀၀၀၀ိ/-

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ၏လျှောက်လွှာ၊
  • MD ၏CV Form၊
  • ကုမ္ပဏီမှတ်ပုံတင်၊
  • Form VI, Form XXVI၊
  • သင်းဖွဲ့စည်းမျဉ်း၊
  • ရုံးခန်းဖွဲ့စည်းပုံဓာတ်ပုံ၊
  • ကုမ္ပဏီ၏ ဝန်ထမ်းစာရင်း၊
  • MD ၏ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံချက်၊
  • MD ၏ ပြစ်မှု ကင်းရှင်းကြောင်း ရဲစခန်းထောက်ခံ ချက်၊
  • MD ၏နိုင်ငံသားစိစစ်ရေး ကတ်၊
  • MD ၏သန်းခေါင်စာရင်း
  • MD ၏ အမည်ပေါက် မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှု ပစ္စည်း၊
  • စာချုပ် အထောက်အထား၊
  • MD ၏ဓာတ်ပုံ

လျှောက်ထားရန်အဆင့်များ

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်သို့ MD ကိုယ်တိုင်လာရောက် လျှောက်ထားရမည်။

ဆက်သွယ်ရမည့်လိပ်စာ

နေပြည်တော်

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

လိပ်စာ-ရုံးအမှတ်(၅၁)၊ နေပြည်တော်

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

နေပြည်တော်

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

လိပ်စာ-ရုံးအမှတ်(၅၁)၊ နေပြည်တော်