အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား နေသည့်ကာလအတွင်း ဝန်ဆောင်ခနှုန်းထားများနှင့်စပ်လျဉ်း၍ ထိုင်း နိုင်ငံဘက်တွင် ကိုဗစ်-၁၉ ရောဂါ ၂ ကြိမ် ဆေးစစ်ခ၊ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသူများအတွက် ဆေးထိုးနှံခ၊ Quarantine ကုန်ကျစရိတ်များကို အလုပ်ရှင်မှ ကျခံ သွားရမည်ဖြစ်ပါသည်။

၂။ အလုပ်သမားများ ကျခံရမည့်ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး ဥပဒေနှင့် အကျုံးဝင်သည့် အလုပ်သမားများသည် ကျန်းမာရေး အာမခံ (၄) လစာ အပါအဝင် ၅,၃၉၀ ဘတ်၊ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးဥပဒေနှင့် အကျုံးဝင်ခြင်းမရှိသည့်  (အိမ်တွင်းအထောက် အကူပြုလုပ်ငန်း၊ ရာသီသီးနှံလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေလုပ်သား၊ ကုန်တင်/ ကုန်ချလုပ်ငန်း၊ ဆားချက်လုပ်ငန်း) အလုပ်သမားများသည် ကျန်းမာရေးအာမခံ ၂ နှစ် စာအပါ အဝင် ၇,၆၀၀ ဘတ် ကျခံရမည်ဖြစ်ပြီး အလုပ်ရှင် ကုန်ကျမည့် ကုန်ကျစရိတ်များကို အလုပ်သမားထံမှ ဖြတ်တောက်မှု မရှိစေရေး အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်တွင် နောက်ဆက်တွဲဖြင့် ထည့်သွင်း ချုပ်ဆို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။      ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီမှ ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီ များသို့ အလုပ်သမားများထံမှ ကောက်ခံရမည့် ဝန်ဆောင်စရိတ်နှုန်းထားကို ၃၀၀,၀၀၀ ကျပ် ထက်ပိုမို ကောက်ခံ ခြင်းမပြုရန် ညွှန်ကြားပြီးဖြစ်ပါသည်။

၄။      ထိုင်းနိုင်ငံဘက်နှင့် မြန်မာနိုင်ငံဘက်မှသတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေး ဆောင်ရခြင်းများရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်-

          (က)    မြန်မာနိုင်ငံ

                (၁)     ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ          –    ၀၆၇-၃၄၃၀၄၄၂၊၀၆၇-၃၄၃၀၁၈၅

                   (၂)      Complaint Mechanism                –    ၀၆၇-၃၄၃၀၁၈၄၊၀၆၇-၃၄၃၀၂၈၄

                                                                                  ၀၁-၆၅၀၀၈၉၊ ၀၁-၆၅၀၁၈၇

          ( ခ)    ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများ

                 (၁)     ဦးအောင်ကိုဇော် (ဗန်ကောက်)        –    ၀၉၄၈၈၄၅၄၈၄

                   (၂)      ဦးရဲလင်းထက် (ရနောင်း)              –    ၀၆၅၂၂၀၆၉၅၁    

                   (၃)     ဦးလင်းမြတ် (ဗန်ကောက်)              –    ၀၆၅၂၂၀၆၉၅၂

                   (၄)     ဦးပြည့်ဖြိုးအောင် (မဲဆောက်)         –    ၀၆၅၂၂၀၆၉၅၃

                   (၅)     ဦးအောင်အောင် (ချင်းမိုင်)              –    ၀၉၉၀၅၉၂၃၅၂

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန