အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      ၂၀၂၅ ခုနှစ်အတွင်း အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဝန်ကြီးဌာနသို့ တိုင်ကြားမှုနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ အောက်ပါ အတိုင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်-

(က)    Bontech စက်ရုံမှ ဦးဝင်းလှိုင်ဦးပါ (၁၃) ဦး၏ အလုပ်မဆင်းသဖြင့် ရက်မှန်ကြေး၊ ဂရိတ်ကြေးနှင့် ဒေးကြေးဖြတ်‌တောက်ခံရခြင်းအပေါ် ၁၅-၃-၂၀၂၅ ရက်တွင် တိုင်ကြားလာမှုနှင့်ပတ်သက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ရွှေပြည်သာမြို့နယ်ရုံး တာဝန်ခံစစ်ဆေးရေးအရာရှိက ၁၁-၄-၂၀၂၅ ရက်၊ ၂၈-၄-၂၀၂၅ ရက်နှင့် ၆-၅-၂၀၂၅ ရက်တို့တွင် အလုပ်ရှင်၊ အလုပ်သမားတို့အား ဖြေရှင်းဆောင်ရွက်ခဲ့ရာ ခွင့်တိုင်ကြားခြင်းမရှိဘဲ ပျက်ကွက်ခဲ့မှုအပေါ် ဒေးကြေးနှင့် ရက်မှန်ကြေးအား စက်ရုံ၏သတ်မှတ်ချက်နှင့်အညီ ဖြတ်တောက်ခြင်း ဖြစ်သည်ကို စိစစ်တွေ့ရှိရသဖြင့် အလုပ်သမားများအား ရှင်းလင်းပြောကြားကာ အလုပ်ရှင်၊ အလုပ်သမားများ နှစ်ဦးနှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

(ခ)     Wanxinda စက်ရုံမှ ဦးသော်ဇင်ဝင်းသည် ဝန်ကြီးဌာနသို့ တင်ပြတိုင်ကြားခဲ့ခြင်း မရှိပါကြောင်း၊

(ဂ)     Bontech စက်ရုံမှ ဦးဝင်းလှိုင်ဦးသည် ဝန်ကြီးဌာနသို့ တင်ပြတိုင်ကြားခဲ့ခြင်းမရှိ ပါကြောင်း၊

(ဃ)    Rainbow Tex စက်ရုံမှ ဒေါ်ဆွေဆွေသက်ပါ (၃) ဦး၏ ထောက်ပံ့ကြေးကိစ္စနှင့် စပ်လျဉ်း၍  ၂-၆-၂၀၂၅ ရက်တွင် တိုင်ကြားမှုအပေါ် ၁၁-၆-၂၀၂၅ ရက်၊     ၂၄-၆- ၂၀၂၅ ရက်နှင့် ၁၅-၇-၂၀၂၅ ရက်တို့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ရွှေပြည်သာမြို့နယ်ရုံး တာဝန်ခံစစ်ဆေးရေးအရာရှိက ဖြေရှင်းဆောင် ရွက်ခဲ့ရာ ပြေလည်မှုရရှိခဲ့ပြီး ၂၂-၇-၂၀၂၅ ရက်တွင် ၄င်း၏ဆန္ဒအရ တိုင်ကြားမှုအား ပြန်လည်ရုပ်သိမ်းခဲ့ပါကြောင်း၊

 (င)    Max Technology စက်ရုံမှ အလုပ်သမား ဒေါ်စုမွန်အေးသည် ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ခြင်းမရှိပါကြောင်း၊

(စ)     Kingsrigh စက်ရုံမှ အလုပ်သမား ဒေါ်ထက်ထက်မိုး၏ ၂၄-၇-၂၀၂၅ ရက်တွင် ခွင့်တိုင်ကြားမှုအား All Super နှင့် Super တို့မှ လက်မခံသည့် တိုင်ကြားစာနှင့် ပတ်သက်၍ ယင်းနေ့မှာပင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန၊ ရွှေပြည်သာမြို့နယ်ရုံး တာဝန်ခံစစ်ဆေးရေးအရာရှိက စက်ရုံရှိ တာဝန်ရှိသူ များအား ခွင့်ကိစ္စဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံမှခွင့်များအား ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

(ဆ)    MGOU Myanmar စက်ရုံမှ ‌အလုပ်သမား ဒေါ်ဖြူဖြူဟိန်း၏ လုပ်ခလစာ မရရှိ သဖြင့် ၂၄-၇-၂၀၂၅ ရက်တွင် တိုင်ကြားမှုနှင့်ပတ်သက်၍ ၃၁-၇-၂၀၂၅ ရက်တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒေါပုံ/သာကေတ မြို့နယ်ရုံး တာဝန်ခံစစ်ဆေးရေးအရာရှိက ဖြေရှင်းဆောင်ရွက်ခဲ့ရာ အလုပ်သမားများရ ရန်ရှိသည့် အချိန်ပိုလုပ်ခနှင့် အများပြည်သူအလုပ်ပိတ်ရက်တွင် လုပ်ကိုင်ခဲ့သည့် လုပ်ခနှင့် လုပ်ခလစာကျန်ငွေ စုစုပေါင်း ကျပ် ၅၄၇,၃၈၅/-အား အလုပ်ရှင်မှ ပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊

(ဇ)     JIMMY Garment စက်ရုံမှ အလုပ်သမား ဦးကျော်ဖြိုးခန့်ပါ (၃၄) ဦးသည် စက်ရုံ ယာယီပိတ်သိမ်းသည့် ကာလများအတွက် ဒေးကြေးကျပ် ၄,၈၀၀/- နှင့် အပို ထောက်ပံ့ကြေးကျပ် ၃,၀၀၀/-သာ ပေးချေပြီး စက်ရုံထောက်ပံ့ကြေးပေးချေမှု မရှိမှုအပေါ် တိုင်ကြားမှုနှင့်ပတ်သက်၍ ၁၉-၁၁-၂၀၂၅ ရက်နေ့၊ ၂၅-၁၁-၂၀၂၅ ရက်နေ့၊ ၄-၁၂-၂၀၂၅ ရက်နှင့် ၁၅-၁၂-၂၀၂၅ ရက်တို့တွင် ရွှေပြည်သာမြို့နယ် အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရာ အလုပ်ရှင်၊ အလုပ် သမားညှိနှိုင်းမှုအရ ပြေလည်မှုရရှိခဲ့ပြီး အလုပ်သမားများမှ တိုင်ကြားစာအား ပြန်လည်ရုပ်သိမ်းခဲ့ပါကြောင်း။ ၂။       သို့ဖြစ်ပါ၍ ၈-၁-၂၀၂၆ ရက်နေ့တွင် ဖော်ပြပါရှိသည့် အလုပ်သမားများတောင်းဆိုမှု သတင်းဖော်ပြချက်အပြင် မိမိတို့ဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်း ဆောင်ရွက်မှုဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင်တည်မြဲ စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။