အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (National Skills Development Fourm ) အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မေလ ၂၇ ရက်နေ့ (သောကြာနေ့) တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တကွ မိတ်ဖက်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများ နှင့် ILO၊ GIZ၊ ADB၊ Swisscontact၊ LuxDev နှင့် အခြားဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကသင်တန်းကျောင်းများမှ ကိုယ်စားလှယ်များဖြင့် စုစုပေါင်း ကိုယ်စားလှယ် ၂၂၂ဦးတက်ရောက်ခဲ့ပါသည်။[download id=”735″]




