အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          ဇူလိုင် ၃။

အလုပ်သမားဝန်ကြီးဌာန၊  အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏  ရက်(၁၀၀) စီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီး စက်မှုဇုန်၊ ဆရာစံလမ်း၊ အမှတ်(၁၃)ရှိ Grand Forest International Apparel (Myanmar) Co., Ltd (အထည်ချုပ်စက်ရုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲသို့ Grand Forest International Apparel (Myanmar) Co., Ltd (အထည်ချုပ်စက်ရုံ)မှ အလုပ်သမား ကျား (၄၀)ဦး၊ မ (၈၀)ဦး၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး (၁၁:၂၀) နာရီအချိန်တွင် အလုပ်သမားဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။