အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                            ဇွန် ၂၆။

အလုပ်သမားဝန်ကြီးဌာန၊  အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏  ရက်(၁၀၀) စီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၄)၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်(၁၇၄-ဘီ)ရှိ Shwe Yamone Manufacturing (ငါးအအေးခန်းစက်ရုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်သမားရေးရာဥပဒေများ အသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲသို့ Shwe Yamone Manufacturing (ငါးအအေးခန်းစက်ရုံ)မှ အလုပ်သမား ကျား (၄၇)ဦး၊ မ (၇၈)ဦး၊ စုစုပေါင်း (၁၂၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။