၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ဝန်ကြီးဌာန၊ စုဝေးခန်းမ၌ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့၊ ကော်မတီများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၁၆၀) ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နှုတ်ခွန်းဆက်စကား ပြောကြား၍ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့၊ ကော်မတီများမှ ကိုယ်စားလှယ်များနှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group-CWG) အဖွဲ့ဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။