၁၀-၁၀-၂၀၂၂ ရက်နေ့မှ ၃၀-၁၁-၂၀၂၂ ရက်နေ့ထိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် လုပ်သားအင်အားစစ်တမ်းမှ အညွှန်းကိန်းများကို Projection နည်းလမ်းအသုံးပြုတွက်ချက်မှုဆိုင်ရာ နည်းပညာသင်တန်းအား မိတ္ထီလာစီးပွားရေး တက္ကသိုလ် စာရင်းအင်းပညာဌာနမှ ဆရာ၊ ဆရာမများက အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လုပ်သားအင်အားကောက်ယူပြုစုရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုး ဦးဆောင်သော အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအောက်ရှိ လုပ်သားအင်အားကောက်ယူပြုစုရေးဌာနခွဲမှ သင်တန်းသား (၂၀) ဦး၊ အလုပ်အကိုင်နေရာချထားရေးဌာနခွဲမှ သင်တန်းသား (၁) ဦး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ သင်တန်းသား (၁)ဦး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သင်တန်း သား (၂) ဦးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သင်တန်းသား (၂) ဦး စုစုပေါင်းသင်တန်းသား (၂၇) ဦးတို့ကို သင်တန်းပို့ချခဲ့ပါသည်။