နေပြည်တော် အောက်တိုဘာ ၉ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံ တကာ အဖွဲ့အစည်း (International Organization for Migration- IOM)၏ Chief of Mission ဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်း အတွင်းဝန် နှင့် တာဝန်ရှိသူများ၊ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission ဖြစ်သူ Mr. Daihei Mochizuki နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် IOM၏ ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံဖြစ် လာခဲ့ပြီး ချိန်မှစ၍ နှစ်ဖက်နား လည်မှုစာချွန်လွှာရေးထိုးခြင်းဖြင့် စံနမူနာယူစရာ သာဓကများအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း၊ နိုင်ငံတကာ လုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ၅ နှစ်တာ လုပ်ငန်းစီမံချက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း ၊နိုင်ငံအသီးသီး တွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး၊ လူမှု ကာကွယ် စောင့်ရှောက်မှုပေးနိုင်ရေး၊ ရွှေ့ပြောင်း အလုပ်သမား များအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးခြင်းတို့ကို IOM မှ ကူညီဆောင်ရွက် ပေးမှုများ အတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် IOM နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် MoU လက်မှတ် ရေးထိုးရေးကိစ္စရပ်များနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်း သွားလာ ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
