အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမာဝန်ကြီးဌာန၊ ဦးစီးဌာန/အဖွဲ့ရုံးကိုယ်စားလှယ်များ ပါဝင်သော မြို့နယ် ပေါင်းစပ်အဖွဲ့သည် ၉-၁၀-၂၀၂၅ ရက်နေ့တွင် Xin Rui Clothing Co., Ltd အထည်ချုပ်စက်ရုံ(CMP တစ်ဆင့်ခံ)သို့ သွားရောက်ခဲ့ပြီး အလုပ်ရှင်နှင့် WCC အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ၃ ဦး၊ လိုင်းအလိုက်စိတ်ကြိုက်ခေါ်ယူခဲ့သည့် အလုပ်သမား ၂၅ ဦးတို့အား တွေ့ဆုံဆွေးနွေးခဲ့ရာ စက်ရုံကို ရွှေလင်ပန်းစက်မှုဇုန်(၄)မှ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် စက်မှုဇုန်(၁)သို့ ပြောင်းရွှေ့ရန် ပြင်ဆင် ဆဲဖြစ်ပြီး လိုက်ပါပြောင်းရွှေ့လိုသော ဆန္ဒရှိ မရှိ ကောက်ယူရန် စီစဉ်နေစဉ်ဖြစ်ကြောင်း၊ လိုက်ပါ ပြောင်းရွှေ့မည့် လုပ်သားများကို မူလရာထူး၊ လုပ်သက်၊ ခံစားခွင့်များ ပေးမည်ဖြစ်ပြီး လိုက်ပါရန် ဆန္ဒမရှိသူများကို နို့တစ်ပေး၍ ဥပဒေနှင့် အညီ လျော်ကြေး၊ နစ်နာကြေးများ ရှင်းလင်းပေးအပ် သွားမည်ဖြစ်ကြောင်း၊ စက်ရုံသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်ဖွင့်လှစ်ခဲ့ပြီး စက်ရုံ သက်တမ်း ၄ နှစ်ခန့်သာ ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။