၂၂-၉-၂၀၂၅ ရက်နေ့တွင် Wan Xin Garment Co., Ltd အထည်ချုပ်စက်ရုံ(CMP တစ်ဆင့်ခံ)မှ အလုပ်သမားများက အော်ဒါမရှိသည့်ရက်များတွင် အလုပ်နားစေကြောင်း တိုင်ကြားချက်အပေါ် ၂၃-၉-၂၀၂၅ ရက်နေ့တွင် အလုပ်သမာဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ မြို့နယ်ပေါင်းစပ်အဖွဲ့မှ စက်ရုံသို့ သွားရောက်ခဲ့ပြီး အလုပ်သမားများ တောင်းဆိုချက် ၄ ချက်အား ညှိနှိုင်းဆွေးနွေးခဲ့ရာ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် သဘောတူ ညီချက်ရရှိပြီး လုပ်ငန်းခွင်အတွင်းသို့ ရဲခေါ်ခြိမ်းခြောက်၍ လက်မှတ်ရေးထိုးခိုင်းခြင်းမှာ မှန်ကန်မှု မရှိကြောင်း၊ အလုပ်ရပ်စဲခြင်း မရှိကြောင်းနှင့် စက်ရုံယာယီအလုပ်နားသည့် ကာလအတွင်း နေ့တွက်စရိတ် ၆၈၀၀ ကျပ်ပေးချေကြောင်း စိစစ်တွေ့ရှိရပါသည်။

