မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာရှိ Mr.Michaen John Spingler (အမေရိကန်နိုင်ငံသား) ပိုင်ဆိုင်သော Vision Fund Myanmar Company (အပ်ငွေ လက်ခံသည့်အဖွဲ့အစည်း)တွင် Credit Officer ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ဦးလွင်မျိုးသန့်သည် အလုပ်ခန့်ထားဆိုင်ရာသဘောတူညီချက်စာချုပ်နှင့်ညီညွတ်မှုမရှိဘဲ Brand Credit Recovery Officer ရာထူးသို့ ပြောင်းရွေ့လုပ်ကိုင်ရကြောင်း သိရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ၁၄-၆-၂၀၂၃ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများသည် အလုပ်ရှင်ကိုယ်စားလှယ် Operation Manager နှင့် အလုပ်သမား ဦးလွင်မျိုးသန့်အား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ အလုပ်ရှင်ကိုယ်စားလှယ်မှ အလုပ်ရပ်စဲမှုနစ်နာကြေး ၄ လစာကျပ် ၁,၅၃၇,၇၂၀၊ တာဝန်ထမ်းဆောင်ဆဲကာလအတွက် လုပ်ခလစာ ၁ လစာ ကျပ် ၃၈၄,၄၃၀၊ လုပ်သက်ခွင့်လက်ကျန်ခံစားခွင့် ငွေကျပ်၂၁၈,၄၂၀၊ စုစုပေါင်း ငွေကျပ်၂,၁၄၀,၅၇၀ ကို ၃၀-၆-၂၀၂၃ ရက်နေ့တွင် ပေးချေမည်ကို အလုပ်သမားမှ လက်ခံပါသဖြင့် ၎င်းနေ့တွင် ပေးချေခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန

