Myanmar Labour News တွင် “ထိုင်းက သစ်သီးစက်ရုံတစ်ခုမှာ မြန်မာ အလုပ်သမားတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရ” သတင်းဖော်ပြထားမှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံရှိ T.K.K Chanthaburi Food Co.,Ltd သစ်သီးရုံမှ အလုပ်သမားများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ အလုပ်ဆင်းရပြီး နေ့စားခ တစ်ရက်လျှင် ၃၃၈ ဘတ် (ကျန်ထဘူရီနယ်မြေ၏ လုပ်အားခသတ်မှတ်ချက်အတိုင်း) ပေးပါကြောင်း၊ သစ်သီးကုန်ကြမ်းရှားပါးချိန်တွင် အချိန်ပို ပုံမှန်မရှိသော်လည်း သစ်သီး ကီလိုဖြင့် ပုတ်ပြတ်ပေး၍ အချိန်ပိုကြေးပေးပါကြောင်း၊ သစ်သီးပေါ်ချိန်ရာသီများတွင် နေ့စဉ်အချိန်ပို ၃ နာရီ ရရှိကြပါကြောင်း၊ လစဉ် ၅ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် လစာ ပုံမှန်ရရှိပါကြောင်း၊ စက်ရုံမှ အလုပ်ပြောင်းရွှေ့လိုသူ အလုပ်သမား ၃ ဦးအတွက် အလုပ်ပြောင်းရွှေ့စာရရှိရေး၊ Passport စာအုပ်များ ပျက်စီး/ ပျောက်ဆုံးမည်ကို စိုးရိမ်၍ ပြန်လည်အပ်နှံသူများအား စက်ရုံမှ ပြည်လည်သိမ်းဆည်းပေး၍ ရက် ၉၀ တုံးထုခြင်း (ဧည့်စာရင်းတိုင်ကြားခြင်း)ကိစ္စများကို စီစဉ်ဆောင်ရွက်ပေးရန် အလုပ်သမားသံအရာရှိရုံး မှ သက်ဆိုင်ရာအေဂျင်စီ၊ စက်ရုံမှတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေး ခဲ့ပါကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန