၁။ PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လက်ဝယ်ရှိနေသူများသည် အေဂျင်စီအစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိအစီအစဉ်(ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ အောက်ပါစာရွက်စာတမ်း များနှင့်အတူ Online မှတစ်ဆင့် လျှောက်ထားကာ (လူကိုယ်တိုင်လာရောက်ခြင်းမပြုရန်) ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကို ရယူရမည် ဖြစ်ပါသည်-
(က) အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လိပ်မူ၍ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ကို ရယူရန် လျှောက်ထားသည့်စာ၊
(ခ) နိုင်ငံကူးလက်မှတ်မိတ္တူ (ဓါတ်ပုံပါစာမျက်နှာနှင့် နေထိုင်ခွင့်သက်တမ်း စာမျက်နှာ)
(ဂ) သက်တမ်းရှိနေသည့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရှေ့/နောက် မိတ္တူ၊
(ဃ) ခွင့်ပြန်အလုပ်သမားများဖြစ်ပါက သက်တမ်းရှိနေသည့် အလုပ်လုပ်ခွင့်ပါမစ် မိတ္တူနှင့် အလုပ်ရှင်မှ ခွင့်ဖြင့်နေရပ်သို့ ပြန်ရန် ခွင့်ပြုသည့် ခွင့်စာ၊
(င) အေဂျင်စီများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာ တွင် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်နေသည့် သက်ဆိုင်ရာ Email များသို့ တင်ပြရန်၊
(စ) မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တင်ပြရာတွင် သတ်မှတ်အထောက်အထားများနှင့်အတူ migrantdeparture@gmail.com သို့ ပေးပို့လျှောက်ထားရန်၊
(ဆ) အနည်းဆုံး ရုံးပိတ်ရက် (မပါ) ၅ ရက်ကြိုတင်၍ လျှောက်ထားရန်။
၂။ ဝန်ကြီးဌာနအနေဖြင့် စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့် စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာလေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်ပါသည်။ ဤအသိပေးကြေညာချက်ပါ လုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက် (တနင်္လာနေ့) တွင် စတင်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။