အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန မှ ထုတ်ပြန်မည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ အသစ်ရေးဆွဲခြင်းနှင့် ၁၉၅၁ ခုနှစ် အလုပ်ရုံဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲရေးတို့နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးအား နေပြည်တော် ရုံးအမှတ်(၅၁) ရှိ အစည်းအဝေးခန်းမတွင် ၁၂-၁၁-၂၀၁၂ ရက်နေ့ နေ့လည်(၀၉း၃၀) နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဥပဒေသစ်ရေးဆွဲရေးခြင်းနှင့်ပတ်သက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ ရှင်းလင်းတင်ပြရာ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်မောင် မှ လိုအပ်ချက်များအားလမ်းညွှန်ဖြည့်စွက်မှာကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌဦးယုလွင်အောင်၊အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနညွှွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်း နှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ နှင့် ဥပဒေရေးရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဥပဒေသစ်ရေးဆွဲရေးခြင်းနှင့်ပတ်သက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ ရှင်းလင်းတင်ပြနေစဉ်