၁၅-၁၀-၂၀၂၅ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာပေါင်းစပ်အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန် ၂၊ Myanmar Guotai Huasheng Glory Fashion Co., Ltd အထည်ချုပ်စက်ရုံ (CMP) သို့ သွားရောက်စစ်ဆေးခဲ့ရာ အလုပ်ပြန်ချိန်များ တွင် ဖယ်ရီကားများ နောက်ကျခြင်းနှင့် ပတ်သက်၍ နောက်ကျခြင်းမှာ တစ်ခါတစ်ရံ ငှားရမ်း ထားသော ဖယ်ရီကားများသည် စက်ရုံသို့ ကြို/ပို့ရာတွင် ကားပျက်ခြင်း၊ ဘီးပေါက်ခြင်း၊ လမ်းပိတ် ခြင်းနှင့်ကြုံတွေ့ရပါက အနည်းငယ်နောက်ကျခြင်းရှိပြီး ကားတစ်စီးပျက်ပါက နောက်ကား တစ်စီး ထပ်မံစီစဉ်နေရခြင်းကြောင့်ဖြစ်ကြောင်းနှင့် အောက်ပါအချက်များ မှန်ကန်မှုမရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်-
(၁) အချိန်ပိုအား ၈ လပိုင်းထဲတွင် အောလင်း၊ အောနိုက် ဖိအားပေးခိုင်းစေခြင်း၊
(၂) အထည်စံချိန်အား ချုပ်လုပ်နိုင်သည်ထက် ပို၍ တောင်းခံပြီး စံချိန်မပြည့်ပါက စူပါ၊ အောစူပါများမှ အော်ဟစ်ဆဲဆို ခြင်း၊ ဝမ်တိန်လက်မှတ်ရေးထိုးခိုင်းခြင်း၊
(၃) Finishing ဌာနမှ အလုပ်သမားတစ်ဦးအား အလုပ်ချိန်အတွင်း အိပ်ငိုက်နေသဖြင့် လီတာဖြစ်သူမှ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊
(၄) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ အလုပ်သမားများအား မန်နေဂျာမှ ဝမ်တိန် လက်မှတ်ရေးထိုးခိုင်းခြင်း၊
(၅) လုပ်ငန်းခွင်အတွင်း ချိုးဖောက်မှုများကို သတင်းမီဒီယာပေါ်တွင် (၇/၂၀၂၅) လအတွင်း ဖော်ပြခံရခြင်းနှင့် ပတ်သက်၍ စက်ရုံသတင်းပေးသော အလုပ်သမားအား မိအောင် ဖမ်းမည်ဟု စက်ရုံတာဝန်ရှိသူများမှ ခြိမ်းခြောက်ပြောဆိုခြင်း၊
(၆) ဥပဒေပါခွင့် ခံစားခွင့်များ မရရှိဘဲ အလုပ်တစ်ရက်ပျက်ပါက ၇၀,၀၀၀/- ကျပ် ဖြတ်တောက်ခြင်း။
အလုပ်သမားဝန်ကြီးဌာန

