လူမှုဖူလုံရေးအဖွဲ့
လူမှုဖူလုံရေးအဖွဲ့၏ သမိုင်းအကျဉ်း
- ၁၉၄၇ ခုနှစ် ရန်ကုန်မြို့ရှိ ဆိုရန်တိုဗီလာ အဆောက်အဦးတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံ့အကြီးအကဲများမှ နိုင်ငံတော် တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်(၈)ရပ် ချမှတ်ခဲ့ပြီး ထိုလုပ်ငန်းစဉ်များတွင် လူမှုဖူလုံရေးစနစ်လည်း ပါဝင်ခဲ့ပါသည်။ လူမှုူဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ရန် ILO အကူအညီဖြင့် ၁၉၄၉ ခုနှစ်တွင် အချက်အလက် ကောက်ခံခဲ့ပါသည်။ ထို့နောက် ၁၉၅၄ ခုနှစ်၊ မတ်လမှ စတင်၍ လူမှုဖူလုံရေးဥပဒေကို စတင် ရေးဆွဲခဲ့ပြီး ၂၂-၁၀-၁၉၅၄ ရက်နေ့ တွင် လူမှုဖူလုံရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
- ၂၆-၄-၁၉၅၅ ရက်နေ့ ရက်စွဲပါ ပြန်တမ်း အမှတ်(၅၀)အရ လူမှုဖူလုံရေးအဖွဲ့ကို အလုပ်သမားဝန်ကြီးမှ အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင်(၁၈)ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။
- ထို့နောက် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ခေတ်စနစ်နှင့် လျော်ညီစေရန် အတွက် ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲခဲ့ပြီး လူမှုဖူလုံရေးဥပဒေသစ်ကို ၁-၄-၂၀၁၄ ရက်နေ့တွင် ကျင့်သုံး လာခဲ့ရာ ယနေ့အချိန်အထိ ဖြစ်ပါသည်။
လူမှုဖူလုံရေးအကြောင်း
- လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေဖြင့် စတင် အကောင်အထည်ဖော်ခဲ့ပြီး ခေတ်စနစ်နှင့် ကိုက်ညီအောင် ဥပဒေကို ပြင်ဆင်ရေး ဆွဲ၍ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ၁-၄-၂၀၁၄ ရက်နေ့တွင် စတင်ကျင့်သုံး ခဲ့ပါသည်။
- လူမှုဖူလုံရေးစီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အာမခံ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင် ထိခိုက်ဒဏ်ရာရမှု တို့ကြောင့် လုပ်ခဝင်ငွေလျော့နည်းခြင်း၊ ရပ်စဲခြင်း များ ဖြစ်ပေါ်သည့်အခါ အလုပ်သမားနှင့် ၎င်းအပေါ် မှီခိုနေသော မိသားစုဝင်တို့အား ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြင့် စီးပွားရေး၊ လူမှုဒုက္ခများ ခံစားရခြင်းမှ ကာကွယ်ပေးရန် ဖြစ်ပါသည်။
- လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ဌာနများနှင့် အလုပ်သမားများအား အကျုံးဝင်မှတ်ပုံတင်ခြင်း၊ ထည့်ဝင်ကြေးကောက်ခံခြင်း၊ ငွေလက်ငင်းအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းနှင့် အာမခံအလုပ်သမားများအား အခမဲ့ဆေးကုသမှုပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
- အာမခံ အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုအဆင်ပြေစေရန် လူမှုဖူလုံရေးအဖွဲ့၏ အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ ဆေးခန်း (၉၆)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ရွေ့လျားဆေးကုသယာဉ် (၂)စီးတို့အပြင် ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ PPS စနစ် (Capitation Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း(၇) ခန်း၊ PPS စနစ် (Fee for Service Payment) ဖြင့် ဖွင့်လှစ်သည့် ဆေးခန်း (၇)ခန်း၊ အဆိုပါ ဆေးခန်း (၇)ခန်းအနက် (၅)ခန်းတွင် သားဖွားမီးယပ် OPD ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
- အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုကိုအထောက်အကူ ဖြစ်စေရန်၊
- အများပြည်သူတို့က မိမိတို့၏ဆန္ဒအလျောက် အာမခံထားရှိနိုင်ပြီး လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုရရှိခံစားနိုင် စေရန်၊
- လက်တွေ့ပကတိအခြေအနေနှင့် ကိုက်ညီသော အကျိုးခံစားခွင့်များပေးခြင်းဖြင့် လူမှုဖူလုံရေးစနစ်အပေါ် အများပြည်သူ ယုံကြည် ကိုးစားမှုများ ပိုမိုတိုးပွားလာစေရန်၊
- အလုပ်ရှင်၊ အလုပ်သမားတို့က ပေးသွင်းထားသည့် အချို့သောထည့်ဝင်ကြေးငွေများကို စုဆောင်းငွေကဲ့သို့ သတ်မှတ်ချက် များနှင့်အညီ ပြန်လည်ထုတ်ယူခံစားခွင့်ရှိစေရန်၊
- အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင်ထိခိုက်မှု အတွက် ငွေကြေးအကျိုးခံစားခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှုဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့် နှင့် ပိုင်ဆိုင်ခွင့်များကိုပါ ရရှိစေရန် တို့ဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တောင်ကြီးမြို့ရှိ လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံ၊ လူမှုဖူလုံ ရေးရုံးနှင့် လူမှုဖူလုံရေးဆေးခန်းတို့တွင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား
၁/၂၀၂၄ လတွင် Provider Purchaser Split စာချုပ်ဆေးခန်းများ၌ ဆေးကုသမှုခံယူနိုင်မည့် အာမခံအလုပ်သမားများစာရင်းကြေညာခြင်း
d57e3956-ae32-4b40-99e8-4b3b76a5a7f2-1-1Download ...
Read More
Read More
(၁၂/၂၀၂၃) လအတွက် လူမှုဖူလုံရေးအဖွဲ့၏ သာမန်ရငွေနှင့် ထည့်ဝင်ကြေးစာရင်း
217c9b0e-a7fe-4892-9639-e2816c730a83Download ...
Read More
Read More
၁/၂၀၂၄ လတွင် Provider Purchaser Split စာချုပ်ဆေးခန်းများ၌ ဆေးကုသမှုခံယူနိုင်မည့် အာမခံအလုပ်သမားများစာရင်းကြေညာခြင်း
d57e3956-ae32-4b40-99e8-4b3b76a5a7f2Download ...
Read More
Read More