လူမှုဖူလုံရေးအဖွဲ့၏ အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများဆွေးနွေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းအခမ်းအနားများ

၁။      မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဖက်တန်းရပ်ရှိ အတ္တရံ(ဟိုတယ်)အလုပ်ဌာန၌ ၁၈-၂-၂၀၂၀ ရက် နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာနများပူးပေါင်း၍ အလုပ်သမားရေးရာ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများရှင်းလင်းဆွေးနွေးပွဲ ကျင်းပ ခဲ့ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်လူမှုဖူလုံရေးရုံး၊ ဦးစီးအရာရှိ ဒေါ်မြတ်မွန်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေများ၊ Smart Card၊ ယာယီကတ်များ၏ အသုံးဝင်ပုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်နိုင်နိုင်ဦးမှ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဦးမှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများနှင့် အလုပ်ရှင်၊ အလုပ်သမားများ လိုက်နာကျင့်သုံး ရမည့်ဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ယာယီ မြို့နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမော်မှ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနား သို့ အာမခံအလုပ်သမားစုစုပေါင်း(၁၈)ဦးတက်ရောက်ခဲ့ပြီး လူမှုဖူလုံရေးဆေးခန်း (ဒိုင်းဝန်ကွင်း)၊ တာဝန်ခံဆရာဝန်ဒေါက်တာဉာဏ်စိုးမှ အာမခံအလုပ်သမား(၁၃)ဦးအား  ဆေးကုသမှုပေးခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်နိုင်ဦးဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၂၁-၂-၂၀၂၀ ရက်နေ့တွင်လှိုင်သာယာ မြို့နယ်၊ စက်မှုဇုန်(၂) ဒီပံရင်းဝန်ထောက် ဦးမြဲလမ်းရှိ OPAL International အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၁၆၅) ဦးအား ကျန်းမာရေးအသိပညာ များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ ဆေး ကုသပေးမှုများ ပေးခဲ့ပါသည်။

၃။      ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော တောင်ကြီးမြို့၊ ပင်းပက်သံမဏိစက်ရုံအစည်းအဝေးခန်းမ၌ ၂၆-၂-၂၀၂၀ ရက်နေ့တွင် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ ပူးပေါင်း၍ အလုပ်သမားရေးရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ရာ  ရှမ်းပြည်နယ် လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်အောင်မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံကိုယ်စား ဦးစီးအရာရှိ ဒေါ်ခင်စိုးရီမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်၊ အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါ မှ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်ဥပဒေများကိုလည်းကောင်း ဟောပြောခဲ့ကြပြီး ပြည်နယ်တာဝန်ခံများနှင့် စက်ရုံရှိ အလုပ်သမားများ  အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။

၄။       ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်နိုင်ဦးဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၃-၃-၂၀၂၀ ရက်နေ့တွင်ရွှေပြည်သာ မြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပုလဲလမ်းရှိ Myanmar Gigi Leather  စက်ရုံမှ အာမခံအလုပ် သမား(၁၂၄) ဦးအား ကျန်းမာရေးအသိပညာများ၊ COVID-19 ရောဂါသိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ပြီး၊ ဆေးကုသပေးမှုများ ပေးခဲ့ပါသည်။