အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

EPS စနစ် အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား)

ကိုရီးယားသမ္မတနိုင်ငံတွင် ၃ နှစ်နှင့်အထက် တရားဝင်လုပ်ကိုင်ခဲ့သော အလုပ်သမားများအတွက် ဒုတိယအကြိမ် Computer Based Test စနစ်ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ အောင်စာရင်း [download id=”1820″]

ကိုရီးယားသမ္မတနိုင်ငံတွင် ၃ နှစ်နှင့်အထက် တရားဝင်လုပ်ကိုင်ခဲ့သော အလုပ်သမားများအတွက် ပထမအကြိမ် Computer Based Test စနစ်ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ အောင်စာရင်း [download id=”1635″]


Skill Test နှင့် Compentency Test ကျင်းပသည့်နေရာ ၊နေ့ရက်နှင့် အချိန်ဇယား တို့အားထုတ်ပြန်ကြေငြာခြင်း(နိုဝင်ဘာ ၂၀၁၈)

Skills Test နှင့် Competency Test စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာခြင်း

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားသည့် (Recruitment Point System) EPS-TOPIK (ကုန်ထုတ်လုပ်ငန်း) စာမေးပွဲ အောင်စာရင်း

EPS-TOPIK စာမေးပွဲ Skills Test & Competency Test အောင်စာရင်း ကြေညာချက်
ဒုတိယအသုတ် စာမေးပွဲ ဖြေဆိုရမည့် ပုံစံ၊ အချိန်၊ နေရက် များနှင့်ပတ်သက်သည့် ကြေညာချက်

(၁၁) ကြိမ်မြောက် EPS-TOPIK (စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်း) စာမေးပွဲဖြေဆိုရန် (နေ့ရက်၊ နေရာ၊ အချိန်ဇယား) ကြေညာချက်

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်(Recruitment Point System) ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် (EPS-TOPIK , Computer Based Test) စာမေးပွဲ၊ ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း (Skills Test)နှင့် လုပ်ကိုင်နိုင်မှုအရည်အသွေးစစ်ဆေးခြင်း(Competency Test ) များ ကျင်းပမည့်အစီအစဉ်များနှင့်ပတ်သက်၍ ကြေညာထားပါသည်။ အပြည့်အစုံ သိရှိနိုင်ပါရန်

ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ အလုပ်လျှောက်ထားရန် 4-5-2016 မှ 9-5-2016 ရက်နေ့အထိ လျှောက်လွှာတင်ထားသူများ၏ ပထမအဆင့် EPS-TOPIK (Computer Based Test) စာမေးပွဲ အချိန်စာရင်း ကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ထုတ်ပြန်ကြေညာထားပါသည် . . . . . ။

သတိပြုရန် – စာမေးပွဲခုံနံပါတ်ကို မိမိတို့၏ လျှောက်လွှာနံပါတ်များမှ ရှေ့ဆုံးဂဏန်း နှစ်လုံးဖြစ်သည့် 90 အစား 50 ဟု ကြည့်ရှုပါရန်၊ ဥပမာ မူလ လျှောက်လွှာနံပါတ် 90500001 သည် 50500001 အဖြစ်ကြည့်ရှုပါရန် ဖြစ်ပါသည်။ [download id=”777″]

ကိုရီးယား ဘာသာအရည်အချင်းစစ် (EPS – TOPIK) စာမေးပွဲ အောင်မြင်သူများမှ Compentency Test ဖြေဆိုမည့် သူများအတွက် အထောက်အထား ပုံစံများ ရယူနိုင်ပါသည် – – – – – – – [download id=”502″]

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမှုစနစ် ( Recruitment Point System) (ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး/မွေးမြူရေး ) လုပ်ငန်းစာမေးပွဲအောင်မြင်သူများအတွက် Skills Test နှင့် Competency Test များဖြေဆိုရန် လမ်းညွှန်ချက်များ အပြည့်အစုံ


EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများ အတွက် လေယာဉ်ခရီးစဉ်များ

ENTRY 18 APR WITH THAI AIRWAYS (TG) YANGON – BANGKOK – INCHEON . .[download id=”369″]

ENTRY 18 APR WITH THAI AIRWAYS (TG) YANGON – BANGKOK – INCHEON . . [download id=”370″]

ENTRY 18 APR WITH KOREAN AIRLINES (KE) YANGON – SEOUL . . . . .[download id=”371″]

Re-entry process of committed workers များအတွက် ဆောင်ရွက်ရမည်‌့ လုပ်ငန်းစဉ်များ နှင့်ယေဘူယျအချက်အလက်များ

– EPS စနစ်အရ ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသား လုပ်သားများအနက် အလုပ်လုပ်ကိုင်ခွင့် သဘောတူထားသည်‌့ ကာလအများဆုံး(၄)နှစ်(၁၀)လ ရှိပြီး၊ အလုပ်ဌာနပြောင်းလဲခြင်းမရှိသည်‌့ လုပ်သားများအတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်မလိုဘဲ ကိုရီးယားနိုင်ငံမှ ထွက်ခွာခဲ့သည်‌့နေ့မှ (၃)လ အတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်သည်‌့ အခွင့်အရေး တစ်ရပ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့မှစ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။

– ထိုစနစ်အရ သတ်မှတ်ချက်နှင့်အကျုံးဝင်သည်‌့ နိုင်ငံခြားသားအလုပ်သမားသည် ကိုရီးယား သမ္မတနိုင်ငံမှ မိမိဆန္ဒအလျောက် မိခင်နိုင်ငံသို့ တရားဝင်ပြန်လည်ထွက်ခွာရပါမည်။

– မထွက်ခွာမီ မိမိအလုပ်လုပ်ကိုင်နေသော အလုပ်ရှင်နှင့်အလုပ်အကိုင်ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ရပါမည်။ စာချုပ်မိတ္တူရယူခဲ့ရန် သတိပြုရပါမည်။

– မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် အင်ချွန်းလေဆိပ်၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာန၌မိမိ၏လက်ရှိ နိုင်ငံခြားသားအလုပ်သမားကတ်ပြားကို အပ်နှံခဲ့ရန်လိုပါသည်။

– မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်နှင့် ရက်သတ္တ တစ်ပါတ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)သို့လူကိုယ်တိုင်သတင်းပေးပို့ ရပါမည်။

– ထိုသို့သတင်းပေးပို့ရာတွင် နိုင်ငံကူးလက်မှတ်အမှတ်၊ မိမိအလုပ်ရှင်နှင့် ချုပ်ဆိုခဲ့သော အလုပ်အကိုင်ဆိုင်ရာ သဘောတူစာချုပ် Standard Labour Contract ၊ နိုင်ငံသားစိစစ် ရေးကတ်၊ အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ၊ ပတ်စပို့အရွယ် ဓါတ်ပုံ(၂)ပုံစသည်‌့ စာရွက် စာတမ်းများ ယူဆောင်လာရန်လိုအပ်ပါသည်။

– POEA တွင် သတင်းပို့ပြီးပါက POEA က ထိုအလုပ်သမား ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာခဲ့သည်‌့နေ့ရက်မှ (၃)လပြည်‌့ပြီးသည်နှင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာရမည်‌့ နေ့ရက်များတို့ကို အလုပ်သမားပေးထားသည်‌့ လိပ်စာ၊ ဖုန်းနံပါတ်များသို့ ဆက်လက်အကြောင်းကြား ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။

– မြန်မာနိုင်ငံတွင် နေထိုင်သည်‌့ကာလ (၃)လမပြည်‌့မီ(၂)ပတ်အလိုတွင် POEA နှင့် HRD-Korea တို့ အသိအမှတ်ပြုထားသည်‌့ သတ်မှတ်ထားသည်‌့ ဆေးခန်းများတွင် ဆေးစစ်ရပါမည်။ ဆေးအောင်ပါက ဝန်ဆောင်စရိတ်ပေးသွင်းပြီး ဗီဇာလျှောက်ထားရပါမည်။

– ဗီဇာလျှောက်ထားရန်အတွက် ပြစ်မှုတစ်စုံတစ်ရာမရှိကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံချက်နှင့် အိမ်ထောင်စုစာရင်း မူရင်းတို့အား နိုတြီဘာသာပြန်ဆိုချက်တို့ အချိန်မီပြုလုပ်ရန် လိုအပ်ပါမည်။

– ထွက်ခွာရက်သိရှိသည်နှင့် ထိုရက်မတိုင်မီ တစ်ပါတ်အလိုတွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူ (သို့မဟုတ်) ဆွေမျိုးရင်းချာ(၂)ဦးတို့မှ ခံဝန်ကတိလက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ရပါမည်။ ထိုခံဝန်ကတိပြုလုပ်ခြင်းနှင့် ပတ်သက်သည်‌့ကိစ္စများအား POEA မှတာဝန်ရှိဝန်ထမ်း များက အသေးစိတ်ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။

– အသေးစိတ်သိရှိလိုသည်များရှိပါက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၊ ဖုန်းအမှတ်-(ဝ၁) ၆၆၇၇၅၄ နှင့် (ဝ၁)၆၅၆၈၄၃ သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

ပြန်စာထားခဲ့ပါ။