အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၁၄-၁-၂၀၂၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Ms. Virginia Gamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ယနေ့ ညနေ ၁၅:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးနှင့်အတူညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်အေး နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တပ်မတော်မှ အသက်မပြည့်စုဆောင်မှုဖြင့် ပြန်လည်စေ လွှတ်သူများနှင့်တိုင်းရင်းသားနယ်မြေများရှိတိုက်ပွဲရှောင်ဒုက္ခသည်စခန်းများမှ မိသားစုနှင့်ကလေး သူငယ်များအား အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်များအားစနစ်တကျစိစစ်ပြီး အချက်အလက်များ ပြည့်စုံပါကထုတ်ပေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊မြန်မာ နိုင်ငံအနေဖြင့် ဒုက္ခသည်စခန်းများဖျက်သိမ်းရေးကို ဦးစားပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက်လျက် ရှိပြီး ကုလသမဂ္ဂနှင့် အလှူရှင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လုပ်ငန်းများပိုမိုတိုးတက် လုပ်ဆောင်လာနိုင်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်နေမှု ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုများအား အကောင်းဆုံး ထိန်းသိမ်းပြီး အမြန်ဆုံးငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးဥပဒေအား ကုလသမဂ္ဂပြဌာန်း ချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် ဒုတိယ သမ္မတ(၁)ဦးစီး၍ (၅)နှစ်စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ဝန်ကြီးဌာနအနေဖြင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေး အလုပ်သမားများဝင်ရောက်လုပ်ကိုင်ခွင့်မရှိစေရေးအတွက်လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ် ထားရှိပြီးစစ်ဆေးကြပ်မတ်ကြီးကြပ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှု ယန္တရားထူထောင်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နှက်ကိုင် အဖွဲ့အစည်းများနှင့်ငြိမ်း ချမ်းရေးရရှိပြီးပါက အဆိုပါဒေသများတွင် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း၊ တံတား၊ စာသင်ကျောင်းများ တည်ဆောက်ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများအချက်အလက် များနှင့်ကိုက်ညီစွာထုတ်ပေးနိုင်ရေး၊အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး၊ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းများလာ ရောက်လျောက်ထားရာတွင် လွယ်ကူမြန်ဆန်စေရန် လိုအပ်သည့်အချက်အလက်များအား သက်ဆိုင်ရာအဖွဲ့အစည်းများမှအသိ ပညာပေးဖြန့်ဝေဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကလေးအလုပ်သမား ပပျောက်ရေး၊ အဓမ္မခိုင်စေမှုပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးကိစ္စ ရပ်များနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။