“Stakeholders Discussion on the Survey on Awareness and Access to Social Security” ဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာလ ၁၂ ရက်
နေပြည်တော်၊ လူမှုဖူလုံရေးရုံးချုပ်၊ စုဝေးခန်းမ၌ လူမှုဖူလုံရေးအဖွဲ့မှ ကိုယ်စားလှယ် များ၊ ILO မှ Ms. Mariana Infante ဦးဆောင်သော ကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စား လှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် သုတေသနပညာရှင်များပါဝင်သော ကိုယ်စားလှယ် (၃၅) ဦးတို့ဖြင့် “Stakeholders Discussion on the Survey on Awareness and Access to Social Security” ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အလုပ်ရှင်နှင့် အလုပ်သမားများမှ လူမှုဖူလုံရေးနှင့် သက်ဆိုင်သော အကျိုးခံစားခွင့်များ အလွယ်တကူ ရယူနိုင်စေရန်နှင့် လူမှုဖူလုံရေးအကြောင်း ပိုမိုသိရှိနားလည်ပြီး ပိုမိုပါဝင်လာနိုင် စေရန်ရည်ရွယ်၍ Communication Strategy ကို လူမှုဖူလုံရေးအဖွဲ့မှ ILO နှင့် ပူးပေါင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါဆွေးနွေးပွဲသည် လူမှုဖူလုံရေးအကျုံးဝင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးစီမံကိန်းအကြောင်း၊ ဆောင်ရွက်ပေးလျက်ရှိသောဝန်ဆောင်မှုနှင့် ပေးအပ်လျက်ရှိ သောအကျိုးခံစားခွင့်အပေါ် သိရှိနားလည်ဆောင်ရွက်မှုများ၊ ကွင်းဆင်းအချက်အလက်ကောက်ယူ မှုများ (Survey) ကို ILO ၏ အကူအညီဖြင့် MSR (Myanmar Survey Research) အဖွဲ့မှ လှိုင်သာယာစက်မှုဇုန်၊ ပြည်ကြီးတံခွန်စက်မှုဇုန်နှင့် ပဲခူးမြို့တို့၌ ဆောင်ရွက်ခဲ့မှုအပေါ် ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ပါသည်။ ယခုဆွေးနွေးပွဲရလာဒ်များအရ လူမှုဖူလုံရေးအဖွဲ့မှ အာမခံ အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် ထိရောက်ကောင်းမွန်သော Communication Strategy ကို ရေးဆွဲချမှတ်ပြီး လူမှုဖူလုံရေးစီမံကိန်းတွင် အလုပ်ရှင်၊ အလုပ်သမားများ ပိုမိုပါဝင် အောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။