အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၂/၂၀၁၈) ကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာ လ ၁၇ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့အစည်းအဝေး (၂/၂၀၁၈)ကို ၁၇-၁၂-၂၀၁၈ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ကျင်းပခဲ့ရာ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသား အဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး(၂/၂၀၁၈)သို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။ သတင်းအပြည့်အစုံ ဖတ်ရှု့ရန်….