မန္တလေးမြို့တွင် လူမှုဖူလုံရေး-မေတ္တာရှင်အထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး-မြို့တော် အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးမြို့ ဒီဇင်ဘာလ ၂၄
လူမှုဖူလုံရေးအဖွဲ့သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြို့တော်ဆေးရုံ၊ မေတ္တာရှင် ဆေးရုံတို့နှင့် ပူးပေါင်း၍ လူမှုဖူလုံရေး-မြို့တော်အထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး-မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌမြို့တော်ဝန် ဒေါက်တာရဲလွင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက၊မေတ္တာရှင်ဆေးရုံနာယက ဒေါက်တာဒေါ်ယုယုမေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့တော်ဆေးရုံနှင့် မေတ္တာရှင်ဆေးရုံတို့မှ တာဝန်ရှိသူများ၊ ဒေသခံအလုပ်ရှင်များနှင့် အာမခံအလုပ်သမားများ စုစုပေါင်း ၃၀၀ဦးတက်ရောက်ခဲ့ပြီးပြည်ထောင်စုဝန်ကြီး၊ မြို့တော်ဝန်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ဆေးရုံတာဝန်ရှိသူများမှ ဆေးခန်းများကိုဖဲကြိုး ဖြတ်ဖွင့်လှစ် ခဲ့ပါသည်။
သတင်းအပြည့်အစုံဖတ်ရှုနိုင်ပါရန် …

IMG_5206