၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်
လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၈-၉-၂၀၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ Kumming Municipal Safety Production & Administration Bureau မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းစဉ်များ၊ မိုင်းလုပ်ငန်းကဏ္ဍရှိ အလုပ်သမားများ အပါအဝင် အလုပ်သမားများ၏အခွင့်အရေးနှင့် အကျိုးခံစားခွင့်များကို အကာအကွယ်ပေးခြင်း ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအကာအကွယ်ပေးခြင်းဆိုင်ရာ အတွေ့အကြုံများ၊ အလုပ် သမားများ၏အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များ၊ စီးပွားရေးလူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ခြင်းနှင့် အလုပ်သမားများကို သင်တန်းပေးခြင်းတို့နှင့် စပ်လျဉ်းပြီး ထိရောက်သည့် နည်းဗျူဟာများ၊ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်ဖက်ရင်းနှီးမှု ကို ပိုမိုဆောင်ရွက်ရန်၊ အလုပ်သမားရေးရာကိစ္စရပ်တွေများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံကြုံတွေ့ရသည့် အခက်အခဲများ၊ ဆောင်ရွက်ပုံဆောင်ရွက်နည်းနှင့် ပိုမိုကောင်းမွန်သည့်ရလဒ်ကောင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မိတ်ဖက်ဌာနများဖြစ်သော အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ပါသည်။