(၆၃) နှစ်မြောက် လူမှုဖူလုံရေးအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာ လ ၂၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ၂၈-၁၂-၂၀၁၈ ရက်နေ့၊ နံနက် (၅:၃၀) နာရီအချိန်တွင် (၆၃) နှစ်မြောက် လူမှုဖူလုံရေးအဖွဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေဖြင့် သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ (၆၃) နှစ်မြောက် လူမှုဖူလုံရေးအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနား ပထမပိုင်း အစီအစဉ်အား နံနက် (၁၀:၀၀)နာရီ အချိန်တွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေး ခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုအကျဉ်းချုပ်၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ၀န်ထမ်းများခံယူရမည့် စိတ်ထားတို့နှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆုရ မြို့နယ်လူမှုဖူလုံရေးရုံး (၃) ရုံးနှင့် ဆေးခန်း (၃) ခန်းတို့အား ပြည်ထောင်စုဝန်ကြီးမှ လည်းကောင်း၊ ဆောင်းပါးယှဉ်ပြိုင်ပွဲမှ ဆုရရှိသူများအား အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်မှ လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲဆုရရှိသူများအား အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်မှ လည်းကောင်း၊ ဘောလီဘောပြိုင်ပွဲ ဆုရရှိသူများအား အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းမှ လည်းကောင်းအသီးသီးဆုများချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ ပြည်ထောင်စုဝန်ကြီးနှင့်တကွ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်ဆောင် အားပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်များအား ကျင်းပခဲ့ရာ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သက်ပြည့်အငြိမ်းစားယူသွားသော ဒုတိယညွှန်ကြားရေးမှူး (၂) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဖူလုံရေး ရုံး(၁၄)ရုံးနှင့် ဆေးရုံကြီး(၃)ရုံတို့မှ တာဝန်ခံများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် Tropies များပေးအပ်ခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များမှ ဆုရအားကစားသမားများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ မဲဖောက်ပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ (၆၃) နှစ်မြောက် လူမှုဖူလုံရေးအဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား သို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှုးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှုးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

2

3

4

5

6

7