အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အလုပ်သမားဆေးရုံကြီးများအား အဆင့်မြှင့်တင်ပြီး ဖက်စပ်ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ရေးအတွက် AMA (A Medical Alliance) Group မှ ကမ်းလှမ်းအဆိုပြု ရှင်းလင်းတင်ပြပွဲအခမ်းအနားအား နေပြည်တော် ရုံးအမှတ်(၅၁) ရှိ အစည်းအဝေးခန်းမ၌ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် (၀၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ဒုတိယ၀န်ကြီးဦးမြင့်သိန်း၊လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်သမားဆေးရုံကြီးများမှဆေးရုံအုပ်ကြီးများ၊ဆက်စပ် လုပ်ကိုင် ဆောင်ရွက်နေသည့် အခြားဝန်ကြီးဌာနများမှအရာရှိကြီးများ၊ ဖိတ်ကြားထားသူ ဥပဒေပညာရှင်များ နှင့် AMA (A Medical Alliance) Group မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။