Sectorial Committee များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ခြင်း

၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်
၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလအထိ သက်ဆိုင်ရာအလုပ်အကိုင်အလိုက် စိစစ်အကဲဖြတ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုအပေါ် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဘဏ္ဍာငွေသုံးစွဲမှု၊ Assessment Center၊ စစ်ဆေးအကဲဖြတ်သူများနှင့်ပတ်သက်သော လုပ်ထုံး လုပ်နည်းများနှင့် အခက်အခဲများ၊ အလုပ်အကိုင်အလိုက် Inspector များနှင့် Chief Assessor/ Assessor များထပ်မံမွေးထုတ်ရန်လိုအပ်မှု ရှိ/မရှိ အခြေအနေများ၊ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်း စဉ်များနှင့် အကြံပြုချက်များ၊ လိုအပ်သောအထောက်အကူပြုလုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးရန် ရည်ရွယ်၍ Sectorial Committee များနှင့် ညှိနှိုင်းအစည်းအဝေးအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ၁၈-၃-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ NSSA မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ရှိသူများ၊ အလုပ်အကိုင်အလိုက် Sectorial Committee မှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိများ စုစု ပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါသည်။

2