ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren အား နေပြည်တော်၌တွေ့ဆုံ၊ ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၌ ကုလသမဂ္ဂ အဖွဲ့အစည်းများ ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren အား ဒီဇင်ဘာလ (၁၉)ရက် ယနေ့ မွန်းလွဲ (၃) နာရီခွဲအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကိစ္စရပ်များအား ကုလသမဂ္ဂအဖွဲ့အစည်းများ နှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ အလုပ်သမားရေးရာကိစ္စရပ်များအား ILO , IOM အပါအဝင် အခြား ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကိစ္စရပ်များအား UNDP , UNHCR , UNFPA တို့နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများအား ကုလ သမဂ္ဂအဖွဲ့အစည်းများမှ ပံ့ပိုးကူညီဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ် စွန့်ခွာသွားသူများ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးအတွက် UNDP,UNHCR တို့နှင့် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးဆောင်ရွက်နေမှု အခြေ အနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိသဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူ (၄၀၀) ကျော် ကိုလည်း စနစ်တကျနေရာချထားပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုအခြေအနေများ၊ IDP စခန်းများ၌ Mobile Team များဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံရှိ IDP စခန်းများအား ဦးစားပေးအလိုက် ပိတ်သိမ်းနိုင်ရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီပေးနိုင်ရေးအစီအစဉ်များ၊ ၎င်းတို့အား လုံခြုံစိတ်ချပြီး တက်နိုင် သမျှ မူလနေရာများ၌ ပြန်လည်နေရာချထားပေးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ၊ ရင်းနှီးမြှုပ်နှံမှုများ ဖန်တီးဖော်ဆောင်ပေးနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသရှိ လူ့အဖွဲ့အစည်းနှစ်ရပ်အကြား သဟဇာတဖြစ်စေရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းပညာသင်ယူရေး စသည့်နယ်ပယ်များ၌ အတူတကွသင်ယူဆောင်ရွက် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား များအား တရားဝင်အလုပ်အကိုင်အခွင့်အလမ်းများ ၊ အလုပ်သမားအခွင့်အရေးများရရှိရေး အတွက် ILO, IOM တို့နှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင် ထိရောက်သောပံ့ပိုး ကူညီမှုဖြစ်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများပါ ပေါင်းစပ်ကူညီဆောင်ရွက်မည့်အစီအစဉ် များ၊ မြန်မာနိုင်ငံ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

IMG_0098