ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ Japan Myanmar Association – JMA ၏ Chairman, Mr. Hideo WATANABE ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော် မတ် ၂၁
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် Japan Myanmar Association – JMA ၏ Chairman, Mr. Hideo WATANABE ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လည် ၁၃ ၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် JMA ၏ Chairman ဖြစ်သူ Mr. Hideo WATANABE က ဂျပန်နိုင်ငံသို့ အလုပ်သင်အလုပ်သမားစေလွှတ်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် အလုပ်သမားများစေလွှတ်ရေးတို့အတွက် အလုပ်သမားစိစစ်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေသည့် Japan Myanmar Association မှ ကြိုတင်စစ်ဆေးမှုကိစ္စရပ်များ၊ အလုပ်သမား ခေါ်ယူစာမျာနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်မှစတင်၍ ပူးပေါင်းလုပ်ဆောင်ခဲ့မှုအခြေအနေ၊ ယခင်စိစစ်ဆောင်ရွက်ပြီးစီးခဲ့သည့် ဂျပန်နိုင်ငံရှိအလုပ်သင်အလုပ်သမား နှင့်ပတ်သက်၍ ၄င်းတို့ ပြုစုထားသည့် အသေးစိတ် သတင်းအချက်အလက်များအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ စနစ်တကျ လွှဲပြောင်းပေးသွားမည့် အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားနိုင်သည့် အနေ အထားများနှင့်ပတ်သက်၍၄င်း အလုပ်သင်အလုပ်သမားများစနစ်တကျရှိစေရန် ယခုထုတ်ပြန် ထားသည့် ဥပဒေနှင့်အညီဆက်လက်လုပ်ဆောင်သင့်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြပါသည်ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် Japan Myanmar Association – JMA၊ MOEAF၊ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးတို့နှင့်ပူးပေါင်း ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုပါကြောင်း၊ JMA မှပြုစုတင်ပြသည့် စာရင်းဇယား အချက်အလက်များသည် အလုပ်သင်အလုပ်သမားများ၊ ကုမ္ပဏီများနှင့်ပတ်သက်၍ စိစစ်ရာ၌များစွာ အထောက်အကူပြု ပါကြောင်း ယခုအခါဂျပန်နိုင်ငံ အစိုးရ၏ ဥပဒေအသစ်အရ အလုပ်သင်အလုပ်သမားများ စိစစ်ရေး လုပ်ငန်းကို ဂျပန်နိုင်ငံဘက်၌ Organization for Technical Intern Training(OTIT) အဖွဲ့ကိုတာဝန်ပေးအပ်ထားသည်ဟု သိရှိရကြောင်း၊ မြန်မာနိုင်ငံအနေနှင့်လည်း နိုင်ငံတော် အစိုးရ၏ချမှတ်ထားသည့် မူဝါဒနှင့်အညီ အလုပ်သင်အလုပ်သမားများကိုဂျပန်နိုင်ငံသို့ ဆက်လက် စေလွှတ်သွားရန် စီစဉ်လျက်ရှိကြောင်း၊ အလုပ်သင်အလုပ်သမား ခေါ်ယူသည့် စာများကိုလည်း စနစ်တကျစိစစ်၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုသို့လုပ်ဆောင်ရာ၌ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသည် အဓိကကျပြီး ဝန်ကြီးဌာနအနေနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သင် အလုပ်သမားများခေါ်ယူရာတွင်လည်းကောင်း စေလွှတ်ရာတွင်လည်းကောင်း နှစ်နိုင်ငံကချမှတ် ထားသည့် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားမှာ ဖြစ်ပြီးပွင့်လင်းမြင်သာစွာနှင့် မျှတစွာ ဆောင်ရွက်သွားမည်သာဖြစ်ကြောင်း ရှေ့ဆက်လက် ဆောင်ရွက်မည့် အလုပ်သင်အလုပ်သမား ခေါ်ယူသည့်စာများ အားစိစစ်သည့် လုပ်ငန်းကိုလည်းလက်ရှိ အခြေအနေနှင့်ကိုက်ညီသည့် အစီအစဉ် များချမှတ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထိုသို့ဆောင်ရွက်ရာ၌ ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့်လည်းမပြတ် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။