Professional and Advanced Excel Training Course အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ နှင့် ILO တို့ ပူးပေါင်း၍ Professional and Advanced Excel Training Course အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၃-၁-၂၀၁၉ ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။  ဆက်လက်၍ သင်တန်းနည်းပြဆရာ Myanmar Excel Expert Team မှ Founder and Trainer ဦးဌေးအောင်မှ သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး အဆိုပါသင်တန်းကို ၁၃-၁-၂၀၂၀ ရက်နေ့မှ ၃၁-၁-၂၀၂၀ ရက်နေ့အထိ (၃)ပတ်ကြာ သင်ကြား ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သင်တန်းသူ (၄၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်း အနားကို  နံနက် (၁၀:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။