GIZ ရုံးခန်း ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပခဲ့ခြင်း

လားရှိုးမြို့
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် GIZ တို့ပူးပေါင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတွင်းရှိ နေရပ်စွန့်ခွာ နေထိုင်သူများ၊ လူငယ်များ၊ အထူးသဖြင့် မိန်းကလေးများအတွက် ကျွမ်းကျင်မှု အခြေပြုအလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေးစီမံကိန်း (Concerning Skills for Employment in Northern Shan State in Myanmar-SENS Project) ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ GIZ ရုံးခန်းဖွင့်ပွဲကို လားရှိုးမြို့၌ ၂၄-၇-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လားရှိုးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ GIZ မှ Country Director, Dr. Petra Shill နှင့် Deputy Head of TVET Project, ဒေါ်နိုင်ရီမာနှင့် ဒေသခံဝန်ထမ်းများ၊ ဖိတ်ကြားထားသော NGOs များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၄) ဦးဖြင့် တက်ရောက်ခဲ့ပါသည်။

2
GIZ၊ Country Director၊ Dr. Petra Shill က အမှာစကားပြောကြားစဉ်

3
အစည်းအဝေးတက်ရောက်ကြသူများအား တွေ့ရစဉ်

4
လားရှိုး-GIZ ရုံးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်

5
စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးစဉ်