အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏(၂/၂၀၁၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို (၃-၇-၂၀၁၂) ရက်နေ့ မွန်းလွဲ(၁၃:ဝဝ)နာရီတွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချူပ်ကြီးသိန်းဌေးနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချူပ်များ တက်ရောက်ကြသည်။ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်ရေး ကိစ္စများ၊ အလုပ်သမားများ၏ သားသမီးများ၊ မှီခိုသူများအား Certificate of Identity (C of I) အသိအမှတ်ပြု အထောက်အထားများ ထုတ်ပေးရေး၊ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်းကိစ္စများ၊ မိသားစုလွှဲပို့ငွေများ လုံခြုံစွာတရားဝင်လွှဲပို့နိုင်ရေးကိစ္စ၊ ထိုင်းနိုင်ငံမှ ပြန်လည် ပို့ဆောင်ပေးသည့် အလုပ်သမားများအား တရားဝင်လွှဲပြောင်းပို့ဆောင်ရေး၊ ပြန်လည် လက်ခံရေး စခန်းများ စနစ်တကျဖွင့်လှစ်လက်ခံရေး၊ အလုပ်သမားများ နေရပ်ပြန်ပါက လမ်းခရီးတွင် အဆင်ပြေစွာပြန်လည် ပို့ဆောင်ရေး၊ နိုင်ငံသားစိစစ်ခြင်းနှင့်ပတ်သက်၍ Online Nationality Verification စနစ်ဖြင့်ဆောင်ရွက်ရေး ကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။