အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဦးနေလင်းစိုး ဦးဆောင်သည့် အဖွဲ့အား ယနေ့ညနေ ၁၅၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိ မသန်စွမ်း သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးနှင့် မသန်စွမ်းမှုဆိုင်ရာ သဘောတရားများ အားနားလည်သဘောပေါက်မှု မြှင့်တင်ခြင်းဖြင့် မသန်စွမ်းသူများအလုပ်အကိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။