ပြည်ထောင်စုဝန်ကြီး Nagoya မြို့ရှိ CTEC, KTEC သင်တန်းကျောင်း၊ Toyoda Gosei Group TGAP Co., Ltdနှင့် Chiba မြို့ရှိ Advanced Polytechnic Center သို့ သွားရောက်၍ မြန်မာ အလုပ်သင်သင်တန်းသားများကိုတွေ့ဆုံအားပေးခြင်း

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ Nagoya မြို့ရှိCTEC, KTEC သင်တန်းကျောင်းသို့ ထွက်ခွာပြီးသင်တန်းခန်းမတွင် သင်ကြားပို့ချ ပေးနေမှုများကိုကြည့်ရှုအားပေး၍ မြန်မာအလုပ်သင် သင်တန်းသားများကိုကြိုးပမ်းသင်ယူရန်နှင့် လုပ်ငန်းခွင်တွင် ပိုမိုကျွမ်းကျင်မှုရရှိရေးဆောင်ရွက်ရန်လိုကြောင်း၊ ကျွမ်းကျင်မှ ယုံကြည်မှု ရှိပြီးကုန်ထုတ်စွမ်းအားတိုးတက်စေရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှု ကောင်းမှ မြန်မာလုပ်သားများကိုပိုမိုခေါ်မည် ဖြစ်ရာစိတ်ဓါတ်ကောင်းမွန်စွာဖြင့် ဆောင်ရွက် ရန်လိုကြောင်းမှာကြားခဲ့သည်။
သတင်းအပြည့်အစုံ…