အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဖိလစ်ပိုင်သမ္မတနိုင်ငံ အလုပ်သမား၊အလုပ်အကိုင်ဝန်ကြီး ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ အလုပ်သမား၊အလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတ နိုင်ငံ၏ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များလေ့လာရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှ (၂၆)ရက်နေ့အထိ ခရီးသွားရောက် ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဖိလစ်ပိုင်သမ္မတနိုင်ငံ အလုပ်သမားအလုပ်အကိုင်ဝန်ကြီး H.E. Rosalinda Dimapilis – Baldoz နှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံများသို့ အလုပ် သမားများ စေလွှတ်ရာတွင် တွေ့ကြုံရသည့်အခြေအနေများ၊ အလုပ်သမားများကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များ၊ အာဆီယံဒေသအတွင်း အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ မှ ပြဌာန်းချက်များအား လက်ခံကျင့်သုံး နေမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း များနှင့် အလုပ်လက်မဲ့ဆိုင်ရာအခြေအနေများ၊ နိုင်ငံခြားသား အလုပ်သမားများဆိုင်ရာ ဆောင်ရွက် နေမှုများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ်အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင် သမ္မတနိုင်ငံ Department of Employment and labour ၊ Philippine Overseas Employment Administration (POEA)၊ Overseas Workers Welfare Administration(OWWA)၊ Technical Education and Skill Development Administration Center များသို့ သွားရောက်လေ့လာခဲ့ပြီး အဆိုပါဌာနများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံ ၍ အလုပ်သမားဥပဒေများရေးဆွဲထားရှိမှု၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင် ရွက်မှု၊ အနည်းဆုံးအခကြေးငွေကိစ္စရပ်များဆောင်ရွက်မှု၊ အလုပ်သမား သံအရာရှိများ စေလွှတ် ဆောင်ရွက်မှု၊ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်အခြေအနေများ၊ မိသားစုထံငွေပြန်ပို့မှု လုပ်ငန်း စဉ်များ၊ လုပ်သားစုဆောင်းသည့် အေဂျင်စီများဖွဲ့စည်း ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ ပါသည်။
ထို့အပြင် Domestic Worker များအတွက် Pre-Departure Course များ၊ အမျိုးသမီးများ အတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းလေ့ကျင့်‌နေမှုများကို လေ့လာခဲ့ပြီး၊ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၂၆-၄-၂၀၁၃)ရက်နေ့ညနေပိုင်းတွင်ထိုင်းလေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသတင်းရရှိပါသည်။