အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုရီးယားသမ္မတနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားလုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးရရှိပြီး

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန် ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ စီစဉ်ဆောင်ရွက်မှုဖြင့် ကိုရီးယားသမ္မတ နိုင်ငံသို့ (Employment Permit System-EPS) စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် (၂၁.၅.၂၀၁၂) ရက်နေ့တွင် သွားရာက်ခဲ့သော ရဲဝင်းသူ (မနလ အမှတ်-အမ် ၃၉၀၄၁၈) သည် ဒယ်ဂူးမြို့ရှိ Gi Won San Eop အထည်အလိပ် စက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် (၅.၁၂.၂၀၁၂) ရက်နေ့၌ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် စက်ညပ်၍ ညာဘက် လက်ကောက်ဝတ် ပြတ်တောက်သွားခဲ့သဖြင့် ဒယ်ဂူးမြို့ရှိ W Hospital တွင် တက်ရောက် ဆေးဝါးကုသမှု ခံယူခဲ့ရပါသည်။ အလုပ်သမားသံအရာရှိမှ ၄င်းစက်ရုံနှင့်ညှိနှိုင်း၍ သက်ဆိုင်ရာ လုပ်ငန်းခွင် ထိခိုက်မှုလျော်ကြေးငွေ အာမခံဌာန သို့ လျော်ကြေးရရှိရေး လျှောက်ထားပေးခဲ့ပါသည်။ ထိုသို့ လျှောက်ထားမှုကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုနှင့် ပတ်သက်၍ ဆေးဝါးကုသမှု ခံယူနေစဉ်အတွင်း ပျှမ်းမျှလစာ၏ ၇၀% ကို (၅.၁၂.၂၀၁၂) မှ (၁၈.၆.၂၀၁၃) ထိ အာမခံဌာနမှ ထောက်ပံ့ပေးခဲ့ပြီး (၁၀.၇.၂၀၁၃) ရက်နေ့တွင် အာမခံကုမ္မဏီမှ မတော်တဆ ထိခိုက်မှု အာမခံကြေး ဝမ်သိန်း(၄၁၀) (ဝမ်သိန်းလေးရာ့တစ်ဆယ်) အား အလုပ်သမား မောင်ရဲဝင်းသူ၏ ဘဏ်စာရင်းသို့လွှဲပြောင်း ထည့်သွင်းပေးခဲ့သဖြင့် ရသင့်သည့်လျော်ကြေးများ အပြည့်အဝရရှိခဲ့သည်ဟု သတင်း ရရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ကျင်းပမည့် Computer Based Test (CBT)စနစ်ဖြင့် ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာအရ နိုင်ငံခြားသားလုပ်သား ခေါ်ယူမှုစနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိသော မြန်မာလုပ်သားများအတွက်အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ ကိုရီးယားသမ္မတနိုင်ငံတွင် အနိမ့်ဆုံး(၃)နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာ နေထိုင်အလုပ် လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သော ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် လုပ်ကိုင်ခဲ့ကြသည့် အလုပ်သမားများအတွက်ထပ်မံသွားရောက်အလုပ်လုပ် ကိုင်နိုင်ရေး ရည်ရွယ်ပြီး Computer Based Test(CBT)စနစ်ဖြင့်သီးသန့်ပြုလုပ်ပေးသောပထမအကြိမ်ကိုရီးယား ဘာသာ အရည်အချင်းစစ်အထူးစာမေးပွဲ ဖြစ်ပါသည်။ ထိုစာမေးပွဲအောင်မြင်သူများသာလျင် နိုင်ငံခြားသားလုပ်သား ခေါ်ယူမှု စနစ်အရ အလုပ်လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ် များဆောင်ရွက်နိုင်မည်ဖြစ်ပါသည် . . . . . . .

[download id=”111″]