အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် HRD Korea တို့ ပူးပေါင်းဆောင်ရွက်သည့် စတုတ္ထအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (စိုက်ပျိုးရေး/မွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း)ကို (၁-၇-၂၀၁၂)ရက်နေ့၊ နံနက် (၉:ဝဝ)နာရီမှ (၁၆:ဝဝ)နာရီအထိ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ၊ ကွန်ပြူတာတက္ကသိုလ်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အရည်အချင်းစစ် စာမေးပွဲတွင် ကိုရီးယားဘာသာ အဖတ်စွမ်းရည်နှင့် နားလည်မှုစွမ်းရည်တို့ကို ဖြေဆိုရပြီး၊ ဖြေဆို ချိန် ၁ နာရီ ၁၀ မိနစ် ကြာမြင့်ကာ နံနက်ပိုင်းတွင် ဖြေဆိုသူ (၁၅၆၉)ဦး နှင့် မွန်းလွဲပိုင်းတွင် ဖြေဆိုသူ (၁၅၃၅)ဦး၊ စုစုပေါင်း ဖြေဆိုသူ (၃၁၀၄)ဦးရှိပါသည်။ စာမေးပွဲအောင်စာရင်းအား (၁၂-၇-၂၀၁၂)ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ၊ မရမ်းကုန်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ (ပင်လုံခန်းမ၊ မင်းရဲကျော်စွာလမ်း၊ ဒဂုံ(မြောက်))၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ (ရန်ကင်းမြို့နယ်) တို့တွင် ကြေညာထားရှိမည်ဖြစ်ပြီး Website http:// www. eps.go.kr နှင့် chttp://www.hrd korea. or.kr မှလည်းကြည့်ရှု နိုင်ပါသည်။


စတုတ္ထအကြိမ်၊ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေပုံ(၁-၇-၂၀၁၂)


စတုတ္ထအကြိမ်၊ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုမည့်သူများ(၁-၇-၂၀၁၂)