၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒ နှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁၈-၁၂-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ဖြူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဆင်ဖြူတော် အဆင့်မြင့်သကြားစက်ရုံမှ အာမခံအလုပ်သမား(၃)ဦး၊ ဖူလ်တန်မြန်မာချေးငွေလုပ်ငန်းမှ အာမခံ အလုပ်သမား(၁)ဦး၊ ဇေယျဝတီအရက်ချက်စက်ရုံမှ အာမခံအလုပ်သမား(၂)ဦး၊ ဦးဝင်းမြင့်သစ်စက် မှ အာမခံအလုပ်သမား(၁)ဦး၊ အမှတ်(၁၀၄)သစ်စက်မှ အာမခံအလုပ်သမား(၁)ဦး၊ မီးရထားဌာန၊ ပို့ဆောင်ရေးဌာနခွဲမှ အာမခံအလုပ်သမား(၄)ဦးတို့အား အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့်အပါအဝင် မမာမကျန်းမှု၊ မီးဖွားမှု၊ မီးဖွားစရိတ်၊ နာရေးစရိတ်၊ ဖခင်ဘဝဖြစ်မှု၊ ဆေးဘိုးကုန်ကျစရိတ် အကျိုးခံစားခွင့်များ၊ စုစုပေါင်း ခွင့်ပြုထုတ်ပေးငွေကျပ် ၇,၄၇၄,၈၅၅.၉၅/- အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား အာမခံ အလုပ်သမား ဦးလင်းအောင်ချို၏ဖခင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အလုပ်ဌာနများ ၏ကိုယ်စား ဆင်ဖြူတော်အဆင့်မြင့်သကြားစက်ရုံတာဝန်ခံမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါ သည်။ အကျိုးခံစားခွင့် ရရှိသူများစာရင်း

၂။ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လူမှုဖူလုံရေးဝင်း၊ လေးထပ်ဆောင်အစည်းအဝေး ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်း အနားကို ၂၆-၁၂-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၈)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အာမခံအလုပ်သမား ဦးလှစိုး၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄,၆၀၈,၀၀၀/- ၊ ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Cixing Knitting (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံမှ အာမခံ အလုပ်သမား ဒေါ်ချယ်ရီခိုင်၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၄,၃၉၁,၈၃၇.၃၃/- အား ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ ဒုတိယတိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းစိုးမှလည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၈)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အာမခံအလုပ်သမား ဦးဇာနည်(ခ) ထွေးမင်းအောင် သူမျိုး၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၂၈၅,၀၀၀/- ၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ လှိုင်သာယာတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လမင်းစက္ကူစက်ရုံမှ အာမခံအလုပ်သမား ဦးမျိုးဝင်းဌေး၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၂၄၀,၀၀၀/- အား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)၊ လူမှုဖူလုံ ရေးနှင့် လူမှုကာကွယ်စောင့်ရှာက်ရေးတာဝန်ခံ ဦးလှဌေးမှလည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ကန်တော်ကြီးပဲလေ့စ်မှ အာမခံအလုပ်သမား ဦးတင်ဝင်း၏ ဆေးဘိုးကုန်ကျငွေကျပ် ၂,၄၁၃,၂၀၀/- အား မြောက်ပိုင်း ခရိုင်လူမှုဖူလုံရေးရုံး၊ ခရိုင်တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မင်းမှ လည်ကောင်း အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ လက်ထောက်အင်ဂျင်နီယာ ဦးစောသီဟထွန်းမှ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။

၃။ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ မြန်မာ့မီးရထား၊ သံလမ်းရုံး အဆောက်အဦး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၃-၁-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး တွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား(သံလမ်း)မှ အာမခံအလုပ်သမား ဦးမြင့်ရီ၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄,၃၂၀,၀၀၀/- ၊ တပ်မတော်မိုးရေကာဖျင်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်အေးမြရီ၏ မကျန်းမာမှုအကျိုးခံစားခွင့် ငွေကျပ် ၆၅၇,၇၂၀/- အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးမှလည်ကောင်း၊ တပ်မတော်မိုးရေကာဖျင်စက်ရုံမှ အာမခံအလုပ်သမားဒေါ်အောင်မေညွန့် ၏ မကျန်းမာမှုအကျိုးခံစားခွင့် ငွေကျပ် ၅၂၈,၀၀၀/- အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးမှလည်ကောင်း၊ High Land Cement မှ အာမခံအလုပ်သမား ဒေါ်နှင်းသစ္စာခိုင်၏ မီးဖွားမှုနှင့် မီးဖွားစရိတ် အကျိုးခံစားခွင့် ငွေကျပ် ၇၆၆,၀၀၀/- ၊ High Land Cement မှ အာမခံအလုပ်သမား ဒေါ်နန်းဝါ၏ မီးဖွားမှုနှင့် မီးဖွားစရိတ် အကျိုးခံစားခွင့်ငွေကျပ် ၇၄၈,၀၂၉.၄၈/- အား မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦးမှလည်းကောင်း အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား သာစည်မြို့၊ မြန်မာ့မီးရထား (တိုင်း-၄)၊ ဦးသန်းဇော် (အငယ်တန်းအင်ဂျင်နီယာ-၁ သံလမ်း)မှ ကျေးဇူးတင်စကားပြောကြားခဲ့ ပါသည်။