အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇန်နဝါရီ လ ၂၄  ရက်

လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များ၊ သုတေသန ပညာရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံ၍ EII Pilot Project Scale-up Strategy နှင့်စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၄-၁-၂၀၂၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပ ခဲ့ရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ အဖွင့်အမှာစကားပြော ကြားပြီး၊ ILO – Vision Zero Fund မှ အကြီးတန်းနည်းပညာဆိုင်ရာအရာရှိဖြစ်သူ Ms. Mariana Infante Villarroel မှ EII Pilot Project Scale-up Strategy Workshop ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင်  ယနေ့အလုပ်ရုံဆွေးနွေးပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်လုပ်ငန်းစဉ်ဖြေ လျှော့မှုစမ်းသပ်စီမံကိန်းကို စောင့်ကြည့်အကဲဖြတ်မှု များမှ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြရန်၊ Pilot Scale up ပြုလုပ်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးရန်၊ Scale up ဆောင်ရွက်ရာတွင် မိမိတို့အဖွဲ့အစည်း၏ အခန်းကဏ္ဍအလိုက် အကောင်းဆုံးဆောင်ရွက်နိုင်ရေးအတွက် အကြံပြု ချက်များဆွေးနွေးရရှိရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိဆောင် ရွက်နိုင်ရန်တို့ ဖြစ်ပါကြောင်း၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် လူမှုဖူလုံရေး စီမံကိန်းကို ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေနဲ့အညီ ၁၉၅၆ ခုနှစ် ကတည်းမှ စတင်အကောင်အထည် ဖော်ခဲ့ပြီး နောက် အာမခံအလုပ်သမားများအား ပိုမိုထိရောက် သော အကျိုးခံစားခွင့်များပေးနိုင်ရန်အတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို  ၁-၄-၂၀၁၄ ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ (၅) နှစ်ကျော်ကာလ ခန့်ရှိပြီဖြစ်ပါ ကြောင်း၊

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေတွင် အာမခံစနစ် (၆) မျိုး ပြဋ္ဌာန်းထားပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးမှု အခြေအနေအရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊  အလုပ် တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ဆေးကုသမှုဝန်ဆောင်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များကို ထိရောက်လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး ဖြေလျော့မှုများဆောင်ရွက်နိုင်ရေး ပြုပြင်ပြောင်းလဲမှု (၄) ခုကိုဆောင်ရွက်လျက်ရှိပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့မှ ပြုပြင်ပြောင်းလဲမှုများအဖြစ် Medical Reform အား Luxeambourg Project ဖြင့်လည်းကောင်း၊ Information Technology Reform အား ILO – Korea Project ဖြင့်လည်းကောင်း၊ Administrative Reform အား VZF Project ဖြင့် လည်းကောင်း ၊ Legal Reform အား Labour Law Reform Project and Migration Project  ဖြင့် လည်းကောင်း ILO ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

လုပ်ငန်းခွင်ထိခိုက်မှုနဲ့စပ်လျဉ်းပြီး လူမှုဖူလုံရေးဥပဒေနဲ့ အကျုံးဝင်သည့် အာမခံအလုပ် သမားများအတွက် လူမှုဖူလုံရေး ဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ်အတွင်း အာမခံအလုပ်သမားများ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှု (၁၂၈) မှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်အတွက် ကျပ်သန်းပေါင်း ၇၁၉.၆၄၅ နှင့် နာရေးစရိတ်အတွက် ၆၇.၂၈၆ စုစုပေါင်း ကျပ်သန်းပေါင်း ၇၈၆.၉၃၁ အား ခွင့်ပြုထုတ်ပေးထားပြီးဖြစ်ပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ဝန်ထုတ်ဝန်ပိုးအား လျော့ချနိုင်စေ ရန် EII Pilot Project ကို ILO ၏ Vision Zero Fund အကူအညီဖြင့် လှိုင်သာယာမြို့နယ်ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်ရုံး (၂) ရုံးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလ အထိ ဆောင်ရွက်ခဲ့ပြီး ယခုဆိုလျှင် Pilot Project ကာလ (၆) လ စမ်းသပ်စီမံကိန်းပြီးဆုံးပြီ ဖြစ်ပါကြောင်း EII Pilot Project ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ဌာနမှတ်ပုံတင်ခြင်း၊ အလုပ် သမားမှတ်ပုံတင်ခြင်း၊ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်တောင်းခံခြင်း၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် တောင်းခံခြင်း၊ ကျန်ရစ်သူအကျိုးခံစားခွင့်တောင်းခံခြင်းနှင့် နာရေးစရိတ်အကျိုး ခံစားခွင့် လုပ်ငန်းစဉ်ဖြေလျော့မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၁၉-၂၀၂၀ ခုနှစ်၊ ဒုတိယ(၆) လတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုစနစ်ပါ အကျိုးခံစားခွင့်များအတွက် လုပ်ငန်းစဉ် ဖြေလေျာ့မှုများအား လက်ရှိ EII Pilot Project လုပ် ဆောင်နေသည့် လှိုင်သာယာမြို့နယ်နှင့် ပြည်ကြီး တံခွန်မြို့နယ်များတွင်လည်းကောင်း၊ ၂၀၂၀- ၂၀၂၁ ခုနှစ် ပထမ(၆)လတွင် ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှုစနစ်ပါ အကျိုးခံစားခွင့် လုပ်ငန်းစဉ်ဖြေလျော့မှုများနှင့် အလုပ်တွင်ထိခိုက်မှုဖြေလျော့မှုလုပ်ငန်းစဉ်များကို ကျန်မြို့နယ် ရုံးများ တွင်ဆက်လက်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် လုပ်ငန်းစဉ် ဖြေလျော့မှုစမ်းသပ်စီမံကိန်းနှင့် ပတ်သက်၍ သုံးသပ်တွေ့ရှိချက်များ၊ option များ၊ မြန်မာနိုင်ငံရှိ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှုတွေကို  အကောင်းဆုံး လုပ်ဆောင်ရန်အတွက် အကြံပြုချက်များ၊ နည်းလမ်းကောင်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ILO- Vision Zero Fund မှ တာဝန်ရှိသူများ၊ ILO မှ ဖိတ်ကြား ထားသော ကျွမ်းကျင်ပညာရှင်များမှ မျှဝေသွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ILO မှ အကြီးတန်းနည်းပညာဆိုင်ရာအရာရှိဖြစ်သူ Ms. Mariana Infante Villarroel က အလုပ်ရုံ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု မှ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျော့မှု စမ်းသပ်စီမံကိန်းနှင့်ပတ်သက်၍ ခြုံငုံ သုံးသပ်တင်ပြခဲ့ပါသည်။ ၎င်းနောက် ILO-Vision Zero Fund ၊ အကြံပေးအရာရှိ ဒေါက်တာ ဇင်သွေးစီမှ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်လုပ်ငန်းစဉ် ဖြေလျော့မှုစမ်းသပ်     စီမံကိန်းနှင့်ပတ်သက်၍ စောင့်ကြည့်လေ့လာမှုများမှ တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခြင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးမြန်း ခြင်းနှင့် ပြန်လည်ရှင်းလင်း ဖြေကြားခြင်း၊ ILO-Vision Zero Fund ၊ အကြံပေးအရာရှိ Ms. Puja Duttaမှအလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းစဉ်ဖြေလျော့မှုစမ်းသပ်စီမံကိန်း တိုးချဲ့ဆောင်ရွက်မည့် နည်းလမ်းများအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ အုပ်စုလိုက် ဆွေးနွေးခြင်း၊ ILO အပါအဝင် သုံးပွင့်ဆိုင် မျက်နှာစုံညီဆွေးနွေးခြင်း၊ ILO-Vision Zero Fund၊ Ms. Mariana Infante Villarroel မှ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင် ပြပြီးနောက် လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေး ပွဲကို (၁၇:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ မိတ်ဖက်ဦးစီးဌာနမှ အရာထမ်းများ၊ ILO-Vision Zero Fund မှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။