အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန် ဇွန် ၂၈ ရက်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်းသည် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ၂၈-၆-၂၀၁၃ ရက်နေ့ နေ့လည် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတစက်မှုဇုန်ရှိ Jewoo အထည်ချုပ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုပြီး စက်ရုံဒါရိုက်တာအဖွဲ့ နှင့် အလုပ်သမားများ အားတွေ့ဆုံ၍ အလုပ်သမားများနှင့် အလုပ်ရှင်များအကြား လုပ်ငန်းခွင် ဆက်ဆံရေး အခြေအနေများသိရှိလို၍ကွင်းဆင်းကြည့်ရှုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ်သို့ အသွင်ကူးပြောင်းလျက်ရှိရာပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ILO ညီလာခံ မှ ကန့်သတ်တားမြစ်ချက်များအားလုံး ပျယ်ဖျက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ CMP လုပ်ငန်းများအနေဖြင့်ဥရောပသမဂ္ဂ နိုင်ငံများမှ GSP ပေးလိုက်ပြီဖြစ်ရာ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် များစွာအကျိုးရရှိလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာမှ ကုန်ထုတ်စွမ်းအား တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်၍ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့်လုပ်ငန်းခွင်အခြေအနေတိုးတက်ကောင်းမွန်၍ ရေရှည်ရှင်သန်လုပ်ကိုင်နိုင် မည်ဖြစ်ကြောင်း၊ အခက်အခဲရှိပါက သက်ဆိုင်ရာဦးစီးဌာနများသာမက Complaint Mechanism ရုံးသို့ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။