အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု များအား တတိယအဆင့်အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်တွင်ပါရှိသည့် Delivery Unit များနှင့် တိုင်းဒေသကြီး၊ အစိုးရဆပ်ကော်မတီများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပုဂ္ဂိုလ်များ တွေ့ဆုံပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ရှိ သီရိဟံသာခန်းမ၌ ၁၆-၉-၂၀၁၄ ရက်နေ့တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ အလုပ်အကိုင်နှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဆပ်ကော်မတီများမှ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား (၇၅) ဦး တက်ရောက်ခဲ့ကြပါသည်။

[download id=”319″]